~~_Part_12_~~

3.4K 201 1
                                    

ယွန်းနဲ့အတူ ‌Shoppingထွက်ရန် အိမ်မှထွက်လာရာ လမ်းတစ်လျှောက်လုံးရှင်းတစ်ယောက် ယွန်းကားမောင်းတာကိုထိုင်ကြည့်နေမိသည်

"အက်လိုကြီးပဲထိုင်ကြည့်နေတော့မှာလား ကလေး"

"Ommမရောက်သေးခင်အထိ မကိုပဲထိုင်ကြည့်နေမှာ"

"ကလေးကအက်လိုကြည့်နေတော့ မ ကားမောင်းရတာ နေရခက်တယ် ကလေးရဲ့"

"ဟွန့် မက မကိုမကြည့်စေချင်လို့မလား"

ယွန်းမီးပွိုင့်မိနေတာမို့ ရပ်ပြီး နှုတ်ခမ်းလေးထော်ပြီးရန်တွေ့နေတဲ့ကလေးဘက်လှည့်ကာ

"ကလေးကလည်းကွာ မက ကလေးကိုမကြည့်စေချင်လို့ပြောတာမဟုပူးလေ ကလေးကထိုင်ကြည့်နေတော့ တော်ကြာကားမောင်းရင်းအသဲယားပြီး ဖက်နမ်းမိမှာစိုးလို့"

"မရဝူးကွာ ကြည့်ချင်တာပါဆို"

"ကဲ ကြည့်ကြည့်တနေ့လုံးထိုင်ကြည့် တနေ့လုံးပါကြည့်မဝရင်...."

ယွန်းကရှင်းမျက်နှာနားကပ်သွားကာ နှုတ်ခမ်းလေးကိုအနမ်းပေးလိုက်ပြီး

"အိမ်မှာခေါ်ထားပြီး တစ်ညလုံးကြည့် မဟုရင်လည်းအိမ်လိုက်ခဲ့"

"မ မကငြိုငြင်တာလား"

"ငြိုငြင်ပါပူး ကလေးရဲ့"

ယွန်းဘေးပြန်လှည့်ကာ ကားသာမောင်းထွက်လာခဲ့သည်

"ဒါနဲ့လေ မကဘယ်မောင်းနေတာလဲ လမ်းတွေသိလို့လား"

"ကလေးကလည်း မကိုအထင်သေးတာလား"

"မဟုပါပူး မရဲ့ မကခုမှမြန်မာပြည်ပြန်ရောက်တာဆိုတော့ လမ်းမသိပဲနေမှာစိုးလို့လေ"

"သိလို့မောင်းနေတာပေါ့ကလေးရဲ့ ဘာလဲ ကလေးကမကိုမယုံပူးလား ပြန်ပေးဆွဲမှာကြောက်လို့လား"

"ယုံပါတယ်မရဲ့ မခေါ်တဲ့နောက်ဆိုလေ ငရဲပြည်ဖစ်ဖစ် အန္တာရာယ်တွင်းပဲဖစ်ဖစ် မကိုယုံပြီးတော့ကို ကလေးကလိုက်မှာ"

"ဟုတ်ပါပြီ စကားကလည်းတတ်လိုက်တာ ညကဈေးဝယ်ထွက်လို့ကောင်းတဲ့နေရာရှာရင်း ညဈေးပါလိုက်ရှာပြီး နှစ်ခုနီးတဲ့နေရာတွေ့လို့သွားနေတာ လမ်းမပျောက်ပါပူး အက်လောက်တော့ကျွမ်းပါသေးတယ်"

Lovely Ma Ma ⚡💛⚡Where stories live. Discover now