Part-27

2.3K 189 5
                                    

"မီးငယ်ရေ သမီးထတော့လေကွယ်"

"ဟုတ် မေ"

ရှင်းညကစာကျက်ပြီးအိပ်တာနောက်ကျခဲ့‌ပြီးအိပ်ယာထဖို့ပါနောက်ကျလို့ မေကလာနှိုးနေရတယ်

ရှင်းလည်းထပြီးရေချိုးခန်းထဲဝင်ကာ မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ကာ.....

'မ....အဆင်ပြေပါ့မလား.......ပြေးတွေ့လို့ရမဲ့နေရာမဟုတ်တဲ့ဆီ ခွဲရပြန်ပြီ.....နောက်နှစ်ရက်နေရင်3 Month Anniversaryရောက်ပြီကို........ပြန်တွေ့တာ သုံးလအတွင်းမှာ တော်တော်စိတ်ရှုပ်စရာတွေဖြစ်ခဲ့တာပဲ......'

"သမီးရေ ပြန်အိပ်နေတာလားကွယ်"

ရှင်းလည်း မေမေခေါ်သံကြားမှအတွေးစတို့ပြတ်တော့သည်

"ရှင်းရေချိုးနေတာ မေရေ ခဏနေဆင်းခဲ့မယ်"

ပြန်ဆင်းသွားသံကြားမှ ရှင်းရေချိုးကာ ရေသုတ်ရင်းဖုန်းနားသွားကာ

💬💬
Morning❤မ
#From Baby

"အဟက်......"

ရှင်းတစ်ယောက်ကိုယ့်messageကိုကြည့်ပြီးရီမိသည် ကလေးဆန်လွန်းနေတယ်

ရှင်းခေါင်းရေသုတ်ပြီး အဝတ်လဲခန်းထဲသွားကာ....အဖြူတီရှပ်အပွ‌‌ေလးရယ်.....မိုးပြာရောင် ရှပ်လက်ရှည်ကိုအပေါ်ကဝတ်ပြီး.....ဂျင်းပြာဘောင်းဘီအရှည်ဝတ်လိုက်သည်

ဆံပင်ကိုတော့ မြှောက်ပဲစည်းလိုက်ပြီး creamနဲ့နှုတ်ခမ်းနီအစိုလေးကိုသာဆိုးပြီးဆင်းလာတော့ ......

"သမီး......ကားယူသွားမှာလား"

"တော်ပြီမေ.....ရှင်းဆိုင်ကယ်ပဲယူသွားမယ်"

"အဖြူပဲယူသွားတော့အာ့ဆိုလည်း.....အနီကမနေ့ကသမီးအဖေဘာလုပ်လိုက်လဲမသိပူး ဘရိတ်ပြတ်သွားလို့တဲ့"

"ဟုတ်မေ....."

ရှင်းလည်းမေလုပ်ပေးတဲ့ နန်းကြီးသုပ်ကိုစားပြီး ဧည့်ခန်းဘေးစင်ပေါ်က ကျောပိုးအိတ်ကိုလွယ်ကာ ကျောင်းသို့ထွက်လာခဲ့သည်

တဖက်တွင်::

ယွန်းမနက်မိုးလင်းကတည်းက ထိုင်လိုက်ထလိုက်ဖြစ်နေသည်

အကြောင်းမှာ နောက်နှစ်ရက်နေရင် ပထမဆုံးသော ချစ်ရသူနှင့် Anniversaryနေ့ကို မိမိမှာ ရေမြေခြားရောက်နေမည်မို့

Lovely Ma Ma ⚡💛⚡Where stories live. Discover now