Part-42

1.9K 130 7
                                    

ရှင်းနိုးလာတော့......မ'ကရှင်းရဲ့ရင်ခွင်ထဲတွင်ကွေးကွေးလေးအိပ်နေသည်......ညကဆိုဖာပေါ်မှာသက်တောင့်သက်သာမရှိတာမို့.....ရှင်းကိုယ်တိုင်ပွေ့ချီလာခဲ့ခြင်းဖြစ်သည်.....

မ'နဲ့ရှင်းကအရပ်လည်းသိပ်မကွာ......ခန္ဓာကိုယ်ဟာလည်းသိပ်မကွာပေ....မ'ကိုဘေးတစောင်းလေးငေးကြည့်နေမိသည်.....သတိမေ့နေတဲ့အတောအတွင်းရှင်းအသိမရှိသောအချိန်တွင်မှာတောင်......မ'ကိုသတိရနေသည်ဖြစ်သည်.....မ'ကသိပ်ပြုစားလွန်းသောကဝေရုပ်လေးပင်...ရုန်းထွက်လို့မရသောနွံအိုင်ငယ်.....မ'အပေါ်သာမေတ္တာတွေရစ်နွယ်မိနေသည်မှာ......၆နှစ်အရွယ်မှအခုချိန်ထိ......

"အင်း....ဟင့်...."

ငြီးသံလေးတွေအစပြုလို့ပွင့်လာခဲ့သောမျက်ဝန်းလှလှလေး......

"Morning မိန်းမလေး.....ပြွတ်စ်!"

ရှင်းကိုမော့ကြည့်နေသောလူကြီးလေးအားအသဲယားစွာငုံ့နမ်းလိုက်သည်......

"Morning Baby......ဘယ်လိုလုပ်ဒီနားရောက်လာတာလဲ"

"ကလေးချီလာတာ.....မ'ညောင်းမှာဆိုးလို့"

"ဒဏ်ရာကနာနေဦးမယ်....."

"မနာ‌တော့ပါပူး......မနက်ဖန်တောင်အိမ်ပြန်ချင်ရင်ရနေပြီ....."

"အပိုတွေ.....မျက်နာသွားသစ်မယ်....."

"ပိုပါပူးနော်.....လိုတောင်နေသေးတာ.....အွန်း....ဒီလူကြီးလေးကိုချစ်လို့ကိုမဝပူး....."

"သွား.....အသဲတွေယားလာပြီ....ထတော့...."

"ဟုတ်ကဲ့........"

မ'ကရှင်းကိုစလိုင်းသွင်းတဲ့တိုင်ကိုကူယူပေးသည်......

"မ......"

"အင်း....."

"မ....."

"အင်း.....ပြောလေကလေးရဲ့"

"ကလေးအပြင်ထွက်ချင်တယ်.........."

"‌ပြီးရင်လိုက်ပို့ပေးပါ့မယ်ချစ်လေးရဲ့......."

"ဟုတ်ကဲ့"

ဆေးရုံခန်းထဲနေရတာငြီးငွေ့နေပြီထင်......အပြင်ထွက်ချင်လေသတဲ့......

"သမီးငယ်.....ယွန်းလေးရေ....."

အပြင်ဘက်မှမေ့အသံကြောင့်မျက်နှာသစ်ခြင်းအမှုကိုအပြီးသတ်ကာ......ပြန်ထွက်လာကြသည်......

Lovely Ma Ma ⚡💛⚡Where stories live. Discover now