Part-40

1.8K 112 1
                                    

ယွန်းတို့ပြင်ဦးလွင်ရောက်တာနဲ့....ယွန်းကဂိုထောင်ဆီသွားလိုက်ပြီး......မေနဲ့ဦးလေးကိုဆေးရုံကိုလွှတ်လိုက်သည်။

ယွန်းလည်းသေနတ်ကိုအိတ်ကပ်မှာချိတ်ပြီးဂိုထောင်ထဲဝင်လိုက်တော့....

ရှိုင်းနဲ့သဇင်ကမော့ကြည့်လာသည်....
မိုးမေပန်းချီကလည်းမော့ကြည့်လာတာမို့....ယွန်းဘာမှမစဉ်းစားနိုင်တော့ပဲ.....ပန်းချီ့ကိုပါးရိုက်လိုက်မိသည်။

"ဖြန်း!....မိုးမေပန်းချီ....နင်လုပ်ရက်လွန်းတယ်"

ပန်းချီတစ်ယောက်တိုင်ကိုမှီထားရာကလဲကျသည်။

"မြတ်ဖူး....ငါကရောင်လေးကိုပစ်တာမဟုတ်ပူး"

"နင်မပစ်ပဲကလေးကအရေးပေါ်ခန်းထိရောက်မလား..."

"မြတ်ဖူး....ရောင်လေးရောဟင်....ရောင်လေးအဆင်ပြေရဲ့လား"

"နင်ဘာလို့သိချင်ရတာလဲ"

"ရောင်လေးကိုတောင်းပန်ချင်တယ်....ငါကရောင်လေးကိုကယ်ဖို့ပစ်လိုက်ရတာပါ"

"အဟား...ဟား....ဟာသပဲမိုးမေပန်းချီ.....နှလုံးထိလုမတက်ဖြစ်သွားအောင်ထိပစ်ခဲ့ပြီးမှ....ကယ်ဖို့....ကယ်ဖို့ဟုတ်လား"

ဝုန်း!

မနည်းအားတင်းကာထလာရတဲ့ပန်းချီကိုတွန်းလွှတ်လိုက်သည်။

ပန်းချီမှာမိုးညီဦးရဲ့ညာလက်ရုံးဆိုတဲ့တစ်ယောက်နဲ့တိုက်လိုက်ရသေးတာမို့....ပန်းချီပင်ပန်းနေပြီ.....

"မြတ်ဖူး....ရောင်လေးရဲ့ဆေးရုံကအခန်းကိုအချိန်တိုင်း‌လူစောင့်ခိုင်းပေးပါ....ကိုကို့ညာလက်ရုံးကိုပဲရှင်းလိုက်နိုင်တယ်.....ဘယ်လက်ရုံးလူယုတ်မာကျန်သေးတယ်...."

"နင်တို့မောင်နှမနှစ်ယောက်လုံး.....ကလေးကိုထိခိုက်စေမိနေတာများပြီ...နင်လည်းစည်သူ့ကိုလွတ်လပ်ခွင့်ပေးသင့်ပြီ....ငယ်ငယ်လေးထဲကအကျယ်ချုပ်လိုနေလာရတဲ့ကလေးကို...နင်လက်လျှော့လိုက်ပါတော့...."

"ငါ....ငါမလွှတ်နိုင်ပူး....ပြီးရင်ငါ့ဆီပြန်မလာတော့ပဲနေမှာပေါ့....ဟင့်အင်းငါတစ်ယောက်တည်းမနေပူး...."

ပန်းချီဟာစိတ်လွတ်နေသူတစ်ယောက်နဲ့တူနေတယ်.....

ဒိုင်း!

Lovely Ma Ma ⚡💛⚡Where stories live. Discover now