~~_Part-7_~~

3.5K 260 3
                                    

မျက်နှာပေါ်သို့ကျရောက်လာသော ‌အလင်းတန်းနဲ့အတူ တစ်စုံတစ်ယောက်၏ တင်းကြပ်စွာဖက်ခံထားရသော ခံစားချက်ကြောင့် ရှင်းငုံ့ကြည့်မိလေတော့ ရင်ခွင်ထဲတွင်အိပ်နေပါသော 'မ'

'အိပ်နေတာ ကလေးလေးကျနေတာပဲ ချစ်စရာလေး'

ရှင်းလည်းနိုးသွားမည်စိုး၍မလှုပ်မယှက် ထိုလူသားလေးကိုသာငေးကြည့်နေမိသည်

အတန်ကြာမှ လှုပ်လာသော ခန္ဓာကိုယ်လေးနဲ့ ပွင့်လာသော မျက်လုံးလေးတွေကြောင့်ရှင်း ကြည့်နေရာမှ မျက်လုံးကိုပြန်မှိတ်ကာအိပ်နေလိုက်သည်

'ဒီကလေးက အိပ်ပုပ်လေးပဲမထသေးတာလားမသိပူး ပါးဖောင်းဖောင်းလေးနဲ့ ငါလက်နဲ့ထိလိုက်ရင်နိုးသွားမလားမသိ'

စိတ်ထက်လက်တို့ကလျင်မြန်စွာ ရှင်းပါးပေါ်သို့ ကျရောက်သွားသော သွယ်လျနေသောလက်ချောင်းလေးများ

ပါးပေါ်သို့ ကျလာသောလက်တစ်စုံကြောင့် ရှင်းသိလိုက်ပါသည် သို့သော် ဘာလို့အက်လိုလုပ်ရလဲမသိ ပြီးမှခုမှနိုးလာဟန်ဖြင့်

"ဟင်...မမ နိုးနေတာကြာပြီလား"

မေးလိုက်တော့သူခိုးလူမိသွားသလိုနဲ့ ခေါင်းလေးငုံ့သွားလေသည် ပြီးတော့မှ.....

"ခုမှနိုးတာ ထတော့မလို့ပဲ ရှင်း...ရှင်းလက်က"

ပြောပြီး သူမကိုဖက်တွယ်ထားမိသော ရှင်း၏လက်တစ်စုံအားလက်ငြှိူးထိုးပြသည်

ရှင်းလည်းလက်တို့ကို ပြန်ရုတ်လိုက်ပြီး ထထိုင်ကာ

"Morningနော် မမ ဟို...ဟိုမျက်နှာသစ်သွားတိုက်ဖို့ မ....မမအတွက် သွားတိုက်တံမေရီးဆီ သွား...သွားတောင်းလိုက်ဦးမယ်" ဟုဆိုကာ ပြေးထွက်သွားသော ကလေးအားကြည့်ရင်း ယွန်းကတော့ ခေါင်းကိုသာတွင်တွင်ခါကာ

'မနက်မိုးလင်းတိုင်းမှာ ကလေးမျက်နှာလေးသာတွေ့ချင်မိတယ် ကလေးရယ်'

ရှင်းအပြင်ထွက်လာတော့ ရင်ထဲတွင် ခုနစ်ပြည်ထောင်ပဲစစ်ဖစ်နေသလိုလို ကုလားဘုရားပဲလှည့်သွားသလိုလိုဖြင့် အခုန်မြန်နေသော နှလုံးသားအား ဖိထားကာ အသက်ဝဝရှူရင်း သူ့အမေဆီမှ သွားတိုက်တံအသစ်လေးယူလာကာ အပေါ်ပြန်တက်လာတော့ ခေါင်းအုံးလေးဖက်ကာ ကုတင်ပေါ်မှာထိုင်နေသည့် ချစ်စရာကောင်းသော 'မ'

Lovely Ma Ma ⚡💛⚡Where stories live. Discover now