မော်ကွန်းခြွေ

768 56 0
                                    

"ဒီမှာ ဟိုလူ နန်းနဲ့ပတ်သက်ပြီး ယောင်္ကျားပီပီသသပဲ ဖြေရှင်းကြတာပေါ့ "

နန်းပြန်သွားတဲ့ Taxi ကိုကြည့်ပြီး အတွေးများနေတဲ့အချိန် ဘေးကနို့နံ့မစင်တဲ့ကလေးဆီက ယောင်္ကျားပီပီသသဆိုတဲ့စကားကြားတော့ ဟားဟားဟား လို့တောင်ရယ်လိုက်ချင်သည်။ တွေ့တွေ့ချင်း ဒီကောင်လေးချစ်စရာလေးရယ်လို့ အမှတ်တွေပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကို ခေါက်ဆွဲ‌ဖတ်နဲ့သာ ဆွဲကြိုးချလိုက်ချင်သည်မှာ တဖွားဖွား။

"ကိုယ်ကအစထဲက ယောင်္ကျားပီပီသသပါပဲ "

မထေ့တထေ့နဲ့ ကိုယ့်ရဲ့ Body structure ကိုမော်ကာကြွားကာပြောလိုက်တော့ မျက်မှောင်ကြုတ်ပြီး ရှုံ့မဲ့မဲ့ဖြစ်သွားသည်။
မနာလိုချင်လဲမနာလိုချင်စရာ ကိုယ့်အရပ်က 6‌'5" မှာသူ့အရပ်က 6' နားကပ်တယ်ဆိုရုံလေး။ပုတယ်ပြောမရပေမဲ့ ကိုယ့်နဲ့ယှဉ်ရင်တော့ ပုတာအမှန်ပင်။

"ဒီမှာမဆိုင်တာတွေပြောခြင်း doesn't make u smart နော် ကျွန်တော်ပြောတာက နန်းရဲ့အချစ်ကို ယောက်ျားပီပီသနဲ့ ယှဉ်ပြိုင်မယ်လို့ပြောတာ တကယ်ဆိုကျွန်တော်က ခင်ဗျားထက်စီနီယာကျပေမဲ့လေ ယောင်္ကျားပီပီသသနဲ့ပဲ မျှမျှတတယှဉ်ပြိုင်သွားမှာပါ စိတ်မပူပါနဲ့"

သူ့ရဲ့ဂျူနီယာလိုမျိုး မမှီမကမ်းလှမ်းပြီး ပုခုံးပုတ်တော့ လက်ကိုကမန်းကတန်းပုတ်ချမိသည်။ကလေးလိုလို ခွေးလိုလို မချိုမချဉ်မျက်နှာပေးနဲ့ ထွက်သွားတဲ့သူကိုလိုက်ကြည့်နေမိတာကို ၁၀ပုံပုံရင် ၇ပုံက စိတ်ပျက်တဲ့အတွေးနဲ့ ၃ပုံက ငါ့ကိုလာယှဉ်လို့ရမလားဆိုတဲ့အတွေးဖြစ်သည်။

စိတ်ပျက်သည် အမှန်တကယ်စိတ်ပျက်သည်။ အရွယ်ရောက်ပါပြီ ကိုယ့်ခြေထောက်ကိုယ်ရပ်ပါပြီဆိုထဲက မိန်းကကိစ္စ‌တွေ အပျော်အပါးတွေဆိုတာ မိမိသွားမည့်လမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်မည်စိုး၍ ဝေးဝေးမှာထားခဲ့ပြီး အခုမှရှာခဲ့တဲ့လက်တွဲဖော်ကအဆင်မပြေ။

အဖေဖြစ်သူက SIRO ရဲ့ CEO ဆိုပေမဲ့ စည်းစနစ်ကြီးပြီးအောက်ခြေကနေကြိုးစားလာခဲ့တဲ့သူ။

တစ်ဦးတည်းသောဖြစ်တဲ့သူ့ကို သူဌေးသားဆိုသောခေါင်းစဉ်အောက်တွင်ပင် ဘော်ကြော့နေဖို့ခွင့်ပြုထားမည်ထင်လျှင်‌‌တော့ တက်တက်စင်အောင်မှားပါလိမ့်မည်။

ID-entity (Completed)Where stories live. Discover now