Part 14

510 44 1
                                    

"ခွန်း သက်သာလား "

ငစိုင်းက သူ့ကုတင်နားမှာထိုင်ပြီး မျက်နှာမှာကပ်ထားတဲ့ပလာစတာတွေရယ် နှုတ်ခမ်းပေါက်သွားလို့ကပ်ထားတဲ့ပလာစတာတွေကိုစိတ်မကောင်းသည့်ပုံစံကြည့်နေသည်။

"အင်း နဲနဲပါးပါးပါ စိတ်မပူနဲ့"

"ဘယ်လိုလုပ်ပြီးဖြစ်ရတာလဲ "

"မပြောချင်တော့ဘူး ငါသူနဲ့တွဲပြီးမလုပ်ချင်တော့ဘူး "

ထိုစဥ်တစ်ဖက်က လိုက်ကာဆွဲသံကိုကြားလိုက်ရပြီး ဟိုလူကိုတွေ့ရသည်။ ရှပ်အဖြူကိုအပေါ်ကြယ်သီးတစ်လုံးစနှစ်လုံးစဖြုတ်ထားပုံကအစ ကြည့်လို့မရ။

"စာချုပ်ဖျက်ရင်ဘယ်နှစ်ဆလျော်ရမလဲဆိုတာသိပါတယ်နော်"

"ခင်ဗျားကိုယ့်ဘာသာမနေနိုင်ဘူးလား ကျွန်တော့်ကိုအာရုံမစိုက်ပဲမနေနိုင်ဘူးလား"

မော်ကွန်းကဟက်ခနဲပြုံးလိုက်ပြီးထိုကောင်လေးကိုကြည့်လိုက်သည်။

"မင်းကိုဂရုစိုက်တာမဟုတ်ပါဘူး ငါ့ကုမ္ပဏီကိုဂရုစိုက်တာ မင်းအကြောင်းပြောလို့လား စာချုပ်အကြောင်းပြောတာလေ"

"ကျွန်တော့်ကိုဒီတိုင်းလေးဘာပြောပြောလွှတ်ထားလိုက်စမ်းပါ တောင်းပန်ပါတယ်"

နောက် သူတို့ကုတင်နှစ်ခုကိုခြားထားတဲ့လိုက်ကာတွေ အဆုံးထိဆွဲခံလိုက်ရပြီး ကုတင်နှစ်ခုကြားအကာအရံမရှိ ဟာလာဟင်းလင်းဖြစ်သွားသည်။လုပ်လိုက်သူက ဗညားသင်္ချေ။

"မင်းတို့၂ယောက်ရန်ဆက်ဖြစ်နေတုန်းလား ညီ သူတို့နှစ်ယောက်ကိုလွှတ်ထားလိုက် လာကိုယ်နဲ့လိုက်ခဲ့တော့"

နောက်ဗညားက စိုင်းလက်ကိုဆွဲခေါ်သွားတာမို့ စိုင်းမခလျှံပါသွားသည်။

မော်ကွန်းခြွေ and ခွန်းဦးတည်−???!!!

ဘာလဲ။ ဘာမှဆိုင်မနေဘူးလေ ။သူ့ဘာသာခေါ်သွားချင်တာနဲ့ငါတို့ကိုအကြောင်းပြချက်လုပ်လိုက်တာမဟုတ်ဘူးလား။

စိုင်းမခလျှံက ခပ်ကြောင်ကြောင်နဲ့ဆွဲတဲ့နေရာကိုလိုက်သွားရပြီး နောက်မှသူ့ကိုဆွဲထားတဲ့လက်တွေကိုရုန်းလိုက်သည်။

ID-entity (Completed)Where stories live. Discover now