Part 21

458 47 1
                                    

သူ့ရှေ့မှာသူလုပ်ထားတဲ့မကောင်းမကန်းဆန်ပြုတ်ကို ကြိုးစားသောက်ပေးနေတဲ့သူကို သူကြည့်နေသည်။ ကိုယ်ပင်ပန်းခံပြီးလုပ်ပေးထားတာမို့ စားတဲ့သူကအသိအမှတ်ပြုတဲ့အခါ ကြည်နူးမှုကရင်ထဲတသိမ့်သိမ့်စီးဆင်းသည်။ သူကြည့်နေတာကြာသွားလို့ထင် ဆန်ပြုတ်ငုံ့ပြီးသောက်နေတဲ့သူကမော့ကြည့်လာခါမှ သူမျက်နှာနွေးခနဲ အကြည့်လွှဲလိုက်ပြီး

"ဘယ်လိုလုပ်ပြီးဖျားရတာလဲ "

"မနေ့က တစ်ခြားCEO တွေနဲ့ party လုပ်တာလေ နောက်ကျသွားတာနဲ့ ခေါင်းကိုမသုတ်လိုက်မိလို့ထင်တယ်"

"ခင်ဗျားဒီအသက်အရွယ်‌ရောက်နေပြီလေဗျာ ခေါင်းခြောက်မှအိပ်ရမယ်ဆိုတာမသိဘူးလား"

မော်ကွန်း သူ့ကိုကလေးလိုဆူနေတဲ့ကောင်လေးကိုမကျေနပ်သလိုပြန်ကြည့်လိုက်ရင်း

"သိပါတယ် တော်တော်ပင်ပန်းနေတော့ အိပ်ပျော်သွားတာ"

"ပင်ပန်းရအောင် ဘယ်လောက်တောင် ကောင်မလေးတွေနဲ့ပျော်ပါးလာတာမလို့လဲ"

"ဘာလဲ မင်းကသိချင်လို့လား"

"မသိချင်ပါဘူးနော် ခင်ဗျားသာကမြင်းကြောမထခဲ့ရင်ကျွန်တော်လည်းအခုလို လာပြီးလူနာစောင့်နေစရာမလိုဘူး"

"ဒီကလည်းအတင်းအကျပ်ဆွဲမထားပါဘူးနော် မင်းပြန်ချင်ရင်ပြန်"

နေမကောင်းတဲ့သူကစိတ်တော့ကောက်နိုင်သေးသည်။ သူနည်းနည်းလောက်ပြောလိုက်တာနဲ့ ဆန်ပြုတ်ကိုမစားတော့သည့်ပုံစံနဲ့ ဟိုဘက်ကိုတိုးလိုက်သည်။

"ဆန်ပြုတ်ကတော်ပြီလား"

"မတော်သေးဘူး"

ခွန်းသူ့ရှေ့ကလူကိုကြည့်လိုက်ရင်း ဆန်ပြုတ်ပန်းကန်ကိုရှေ့ကိုပြန်တိုးပေးလိုက်ရသည်။ ဒီလူအသက်နဲ့မလိုက်အောင်ကို ကလေးဆန်တာပဲ။၅နှစ်သားလေးကြနေတာပဲ။

"ဆေးသောက်ရမှာ တို့စိတို့စိသောက်မနေနဲ့"

"ဘယ်သူကတို့စိတို့စိသောက်လို့လဲ"

"စကားမများပဲနဲ့သောက်စမ်းပါဗျာ အေးကုန်ရင်မကောင်းဘူး"

ID-entity (Completed)Where stories live. Discover now