Part 23

478 44 0
                                    

တီးတောင် တီးတောင်နဲ့ဘဲလ်တီးသံကြားနေရသည်မို့ စိုင်းမခလျှံရုတ်တရက်တော့ကြောင်သွားသည်။ ခွန်းဆိုရင် လျှို့ဝှက်နံပတ်ကိုသိတာကို ဘဲလ်တီးနေမှာမဟုတ်။ သူတံခါးအပေါက်သေးသေးလေးကနေချောင်းကြည့်တော့ ဒေါက်တာဗညားသင်္ချေ။သူအလျင်အမြန် တံခါးကိုဖွင့်ပေးလိုက်ရင်း

"အကိုဗညား ဘယ်ကနေရောက်လာ"

"Ohaiyo စိုင်း"

"O..Ohaiyo "

ဗညားက သူ့လက်ထဲမှာပါလာတဲ့ အထုပ်တွေကိုပြလိုက်ရင်း

"စိုင်းမနက်စာမစားရသေးဘူးဟုတ်"

"ဟုတ် မစားရသေးပါဘူး"

"ဒါဆိုအကိုနဲ့အတူတူစားရအောင်နော်"

"ဟုတ်ကဲ့ ရပါတယ် ဒါနဲ့အကိုက မနက်စာစားဖို့လာတာလားဗျ"

"အဲတာတစ်ခုထဲတင်မဟုတ်ဘူး စိုင်းရဲ့သူငယ်ချင်းက မော်ကွန်းနေမကောင်းတာကိုစောင့်ပေးရမှာမလို့လေ အကိုကလဲဖို့အိင်္ကျီတွေလာယူတာ"

"အကိုမော်ကွန်းက အကို့သူငယ်ချင်းမဟုတ်ဘူးလား"

"ဟုတ်တယ်လေ"

"အဲတာဆို ဘာလို့ခွန်းကစောင့်ပေးရမှာလဲဗျ"

"ဘာလို့လဲဆိုတော့အကိုကမစောင့်ချင်လို့ပေါ့ "

"ဗျာ"

"အာ ဒီလိုရှိတယ်လေ အကိုမနေ့ကတစ်နေ့လုံးခွဲစိတ်ခန်းထဲကိုဝင်နေရတာ အဲတာကြောင့်ပင်ပန်းနေလို့ ဒါနဲ့အကို့ကိုအိမ်ထဲတောင်မခေါ်တော့ဘူးလားဟင်"

"အာ ဟုတ်ကဲ့လာပါဗျ"

သူ့ရှေ့မှာခပ်သုတ်သုတ်ဝင်သွားတဲ့ကောင်လေးကတော့ ဘာလုပ်လုပ် ပြုလုပ်လိုက်သောအပြုအမူတိုင်းက သူ့ကိုပြုစားခြင်းအတိပြီးသည်။ယဥ်ယဥ်‌ကျေးကျေးပြောတတ်တာကိုလည်းချစ်ရပြန်သလို သူ့ကိုလေးလေးစားစားဆက်ဆံတိုင်း ရင်မှာကြည်နူးမှုနှင့်အတူ အချစ်တွေစီးဆင်းနေသည်မှာတသိမ့်သိမ့်။

ကောင်လေးကခေါ်ပြီးတော့ အိမ်ထဲရောက်တော့သူ့အခန်းကိုပြဖို့ရှက်နေသလိုလိုရှိသေးသည်။ပစ္စည်းတွေကိုဟိုကောက်ရွှေ့ဒီကောက်ရွှေ့လုပ်နေပြီးမှ သူ့ကိုဆိုဖာပေါ်မှာထိုင်ခိုင်းသည်။

ID-entity (Completed)Where stories live. Discover now