Part 2

641 52 0
                                    

နံနက်၈နာရီ။

အနားမှာရှိမယ်ထင်ရတဲ့ remote ကိုယူပြီး နှိပ်လိုက်တာ့ motorized curtains မလို့ သူ့အလိုလိုရွေ့လျားသွားပြီး အလင်းရောင်က လုံးလုံးလျားလျားကျရောက်လာသည်။ နေရောင်ခြည်ရှိတဲ့ဘက်ကို မျက်နှာမူလိုက်ရင်း ခပ်နွေးနွေးအထိအတွေ့ကိုဇိမ်ခံပြီး ခဏလှဲနေလိုက်သေး၏။

ဘယ်လောက်ပဲစောထမယ်ပြောပြော သူ့အတွက်ပုံမှန်ထတဲ့အချိန်မှပဲ အိပ်ယာထဲကထဖြစ်တာပါပဲ။ မနေ့ကဗညားအိမ်မှာ မအိပ်ဖြစ်လိုက်တာမှန်သွားသည်ပြောရမည်။ သူ့ကိုဟိုအကြောင်း ဒီအကြောင်းနားချပြီး ဆရာကြီးလုပ်ဦးမယ်သိလို့ ပြန်ထွက်လာတာအကိုက်ဖြစ်သွားသည်။

သာမန်နေ့‌တွေက ကိစ္စမရှိပေမဲ့ ဒီနေ့က သူနန်းကိုပထမဆုံး ရုံးသွားဖို့သွားကြိုမဲ့နေ့။ ကိုယ့်ဘက်က လက်ကမ်းပေးဖို့စကားကိုဆိုထားမှတော့ ယောင်္ကျားကတိ‌နဲ့ ဆောင်ရွက်ရမဲ့တာဝန်တွေကရှိလာသည်။ ဗညားပြောသလို အချစ်မပေးနိုင်ရင်တောင် တစ်ဖက်မိန်းကလေးဂုဏ်သိက္ခာကို လေးစားမှုနဲ့ ဂရုစိုက်ပေးရမည်ကိုသူနားလည်ပါသည်။

ဝေယျာဝစ္စ‌တွေအပြီး ဗိုက်လဲဖြည့်ပြီးတော့ အဝတ်တွေထားတဲ့အခန်းကိုသွားရသည်။ ဘယ်လိုပဲအထက်လူကြီးဖြစ်နေပါစေ သူ့ကိုတော့ရှိန်မနေစေချင်။ နောင်လဲ လင်မယားဆက်ဆံရေးဖြစ်မှာဆိုတော့ အစထဲကရင်းနှီးမှုယူထားရမည်။ ထို့ကြောင့်ပင် ဝတ်နေကျမလို့ suit တွေထားတဲ့ဆီလှမ်းမိနေတဲ့ခြေထောက်ကိုပြန်ရုတ်ရသည်။အားလုံးအတူတူဖြစ်နေတဲ့ အဖြူရောင်ရှပ်တွေထဲမှ ဟိုရွေးဒီရွေးလုပ်လိုက်ပြီး တစ်ထည်ထုတ်လိုက်၏။ style pant ခဲရောင်နဲ့ အပေါ်ကရှပ်ကိုကြယ်သီးပြည့်တပ်လိုက်သည်။ necktie ကိုအရောင်နုထဲကပဲရွေးလိုက်ပြီး ချည်လိုက်ပြီး ပုံသွင်းထားတာမလို့ သိပ်ပြင်စရာမလိုတဲ့ဆံပင်ကိုဟိုသပ်ဒီသပ်လုပ်လိုက်သည်။ ဆီမလိမ်းထားတာမို့ ခပ်ဝဲကျချင်နေပေမဲ့ သူဂရုစိုက်မနေတော့ အခုချိန်မှမသွားလျှင် ပထမဆုံးသွားကြိုတာကို နောက်ကျတော့မည်။

သူစုံစမ်းထားတာအရ နန်းတို့အိမ်က သူ့နေရာနဲ့နဲနဲတော့ လှမ်းသည်။ ကားဆီကုန်မှာစိုးလို့‌တောင် condo ကို company နားကဟာရွေးဝယ်ထားပါတယ်ဆိုမှ အခုသူ့လမ်းကြောင်းက တောင်ကနေမြောက်သွားပြီးမှ မြောက်ကနေတောင်ပြန်လာနေရလိုဖြစ်နေသည်။ မေမေတို့က မျိုးဆက်လိုချင်ပါတယ်ဆိုလို့သာ လုပ်ရတယ် ကောင်းကွက်တစ်ကွက်မှရှိမနေ။ မီးပွိုင့်အလီလီစိတ်ရှည်ရှည်ဖြတ်ပြီးချိန်မှာတော့ သာမန်လူလတ်တန်းစားတွေနေတဲ့ တိုက်ခန်းလေးတွေ တစ်ထပ်အိမ်ပုလေးတွေနဲ့ သပ်သပ်ရပ်ရပ်ပုံလေးတွေကိုတွေ့ရသည်။ သူ့ဖုန်းထဲက နန်းလိပ်စာကိုတစ်ချက်ကြည့်တော့ အိမ်နံပါတ်၆၀၇လို့ရေးထားတာမို့ အဲနေရာကိုရှာ‌ရသည်။

ID-entity (Completed)Where stories live. Discover now