Part 24

466 44 0
                                    

မော်ကွန်းတစ်ယောက် ခွန်းက စားစရာတွေကိုသိမ်းဆည်းနေတာကိုထိုင်ကြည့်နေရသည်။ဗညားပြောပေးလို့ ထိုကောင်လေးကသူ့ဆီမှာအသာတကြည်နေပေးပေမဲ့ သူ့ကိုဆို တအားနိုင်စားလွန်းသည့်ကောင်လေး။သူ့အတွက်မနက်စာကိုအများကြီးဝယ်ပေးထားလို့ နှမြောစရာကောင်းတယ် စားစရာတွေကိုဖြုန်းတီးပစ်တယ်ဆိုပြီးဆူခံရသည်။အခုလည်း နေ့ခင်းဘက်ပြန်စားလို့ရမဲ့ဟာတွေကိုသူ့ဘာသူ ဟိုသိမ်းဒီသိမ်းလုပ်နေပြီး သူကကူပေးပါ့မယ်ဆိုတော့လည်း နေမကောင်းတဲ့သူကဘာမှမလုပ်ရဘူးဆိုလို့ သူထိုင်နေရာကထလို့မရ။သူကိုယ်တိုင်ကလည်းထိုကောင်လေးကနိုင်စားနေတာကိုပင် တစ်ချက်စိတ်မတိုပဲအကုန်လိုက်လုပ်ပေးနေသည်က ခက်သည်။ ကြာရင်ခွန်းကသူ့အရုပ်မဖြစ်တော့ပဲ သူကခွန်းအရုပ်ဖြစ်တော့မဲ့အခြေအနေ။

"ခွန်း"

Apron ကြီးဝတ်ထားပြီးဆေးစရာရှိတာတွေဆေးစရာရှိတာတွေဆေးနေတဲ့သူက သူ့ကိုပုခုံးကနေကျော်ကြည့်ပြီးပြောဆိုတဲ့သဘော။မော်ကွန်းကသူ့ပုံစံကိုကြည့်ပြီးရယ်နေရသည်။သူအခုပုံစံကဘာနဲ့တူနေပြီလဲဆိုတာရောထိုကောင်လေးသိရဲ့လား။မိန်းကလေးသာဆိုကျိန်းသေပေါက် အိမ်ရှင်မစတိုင်ဖြစ်နေပြီ။

"ကိုယ်ပျင်းလာပြီ ထိုင်မနေချင်ဘူး"

"ထနေလေ"

အမြဲတမ်းကပ်သီးကပ်ဖဲ့ပြန်ပြောတာသူ့ရဲ့မူပိုင်အကျင့်။မော်ကွန်းမှာဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

"ခွန်းကလည်းကွာ မပြီးသေးဘူးလား အိမ်ကိုလာရှင်းပေးတဲ့အဒေါ်ကြီးကိုရှင်းခိုင်းလိုက်လို့ရတာကို "

"ဘာလဲဗျာ ကိုယ့်ဘာသာလုပ်လို့ရနေတာကိုသူများကိုအားမကိုးချင်ဘူး ထိုင်မနေချင်ရင်သွား TV သွားကြည့်နေ"

"ခွန်းပါအတူတူလာကြည့်"

"လာပါ ကိုယ်ပျင်းလို့ပါဆို နေမကောင်းတဲ့သူကိုအလိုလိုက်ရမယ်တဲ့"

သူ့အနားလာပြီး သူ့ဝတ်ထားတဲ့ apron အစကိုဆွဲပြီးခေါ်နေတဲ့သူကိုခွန်းတကယ်မနိုင်။ဘယ်လိုဖြစ်လို့ ကျားကိုးစီးစားမကုန်တဲ့ခန္ဓာမျိုးနဲ့လာချွဲနေရတာလဲ။ အဲလိုမျက်နှာနဲ့ အဲလိုလေသံမျိုးနဲ့ပြောရင် ဒီလူကဘာပြောပြောလုပ်ပေးချင်နေပြီ။

ID-entity (Completed)Where stories live. Discover now