Part 4

565 50 0
                                    

" ဟိုရှေ့က ကုန်တိုက်နားမှာ ရပ်တော့ "

"အခုချက်ချင်း!!!!!!"

သေရေးရှင်ရေးလို မရပ်ရင် ချက်ချင်းထသတ်တော့မဲ့ ပုံစံကြောင့် မော်ကွန်းခြွေ အမြန်ရပ်ပေးရသည်။ ကားပေါ်ကဆင်းပြီး တော့ လမ်းဘေးကရေမြောင်းနားမှာ ကုန်းကုန်း ကုန်းကုန်း နဲ့ လုပ်နေလို့ ဘာများလဲသွားကြည့်တော့ ကိုယ်တော်ချောက တဝေါ့ဝေါ့နဲ့ အန်နေတာပဲ။ စေတနာနဲ့ ကျောကိုသပ်ချပေးမယ်လုပ်တော့ လက်ကို ပုတ်ချသည်။ဒီလောက်အခြေအနေရောက်ရင် တော့ ဗညားသ‌‌င်္ချေရဲ့ဒေါသလယ်ဗယ် ကတော်တော်မြောက်နေပြီဆိုတာ သိလိုက်၏။ ဗညားကဒေါသမထွက်ရင် အကုန်အကောင်းပဲဆိုပေမဲ့ ဒေါသထွက်မိရင်လဲတော်တော်ကြောက်စရာကောင်းသည်။ ဆိုတော့ကာ အလိုက်တသိရေဘူးလေးကိုင်ပြီး ကားနားမှာ ထိုင်စောင့်နေရတော့သည်။

မကြာပါ နားထင်ကို လက်နဲ့ နှိပ်နေပြီးထလာသည်။သူတဟဲဟဲ စပ်ဖြီးဖြီးလုပ်ပြီး ပေးတဲ့ရေဘူးကိုတောင် လျစ်လျူရှုပြီးရှေ့ဆက်လျှောက်သွား၏။ ကားတံခါးကိုဖွင့်ပြီးတော့ သူ့ပိုက်ဆံအိတ်ရယ် ဖုန်းရယ်ယူပြီး ထွက်သွားမယ်လုပ်တော့ ကိုယ်ကပဲအပြေးအလွှားတားရသည်။သူစိတ်ဆိုးတာအကြောင်းမဟုတ်။ ကိုယ်ကသူ့ကားယူလာတာဆိုတော့ ပြီးရင်တကူးတကကြီးသူ့ဆီလာပေးနေရမှာက အကြောင်းဖြစ်သည်။

"ဗညားရေ ဘယ်ကိုသွားမလို့ ......အာ့"

မပြောမဆို ညှို့သကျည်းကိုပိတ်ကန်လိုက်တော့ ခုန်ဆွ ခုန်ဆွလုပ်ရုံကလွဲ ဘာမှပြန်မပြောနိုင် ။ပြောနိုင်ရိုးလား သူဘာလုပ်ထားလဲ သူသိတာပဲ။ အမြန်လမ်းမှာ ရှိသမျှတွေ့သမျှကားတွေ အကုန်လိုက်ကျော်။ မောင်းတဲ့အရှိန်ကနည်းနည်းနောနောမဟုတ်။ကွန်းတိန်နာအကြီးကြီးတွေ ကိုပါမချန်။လွတ်သလား မလွတ်သလားလဲသေချာမကြည့်။ ရိပ်ခနဲ ရိပ်ခနဲ ဟိုဖက်ကွေ့လိုက် ဒီဖက်ကွေ့လိုက် ဟိုလမ်းကြောပြောင်းလိုက် ဒီလမ်းကြောပြောင်းလိုက်။ ရှိသမျှဘုရားအကုန်တပြီး ရွတ်ဖတ်သရဇျာယ်နေရုံတင်မက တော်ရုံကားမမူးတတ်တဲ့သူတောင် ခေါင်းတွေချာလည်လည်ပြီး မျော့မျော့ပဲကျန်တော့သည်။ဒါတောင် မျော့မျော့ပဲကျန်တဲ့သူကအေးဆေးမနေရ ဟိုမှာခွေး သည်မှာကားကမလွတ်ဘူး စသဖြင့်ကိုယ့်အသက်အန္တရာယ်ကို ကြည့်ရှုစောင့်ရှောက်ရသေးသည်။

ID-entity (Completed)Where stories live. Discover now