Part 25

494 46 2
                                    

"အကို လက်ကိုလွှတ်ဦးဗျ"

ဗညားသူလမ်းတစ်လျှောက်လုံးဆွဲထားရာမှ မော်ကွန်းတို့ကွန်ဒိုရှေ့ရောက်မှလက်ကိုလွှတ်ခိုင်းနေသည်မလို့ လွှတ်ပေးလိုက်သည်။အနည်းငယ်တော့စိတ်မကောင်းပေမဲ့ စိုင်းကမလိုလားဘူးဆိုလျှင် သူဆင်ခြင်ပေးဖို့အသင့်ပင်။

"စိုင်း ဘာဖြစ်လို့လဲ"

"ခွန်းရှိတယ်လေ ပြီးတော့ ကိုမော်ကွန်းတို့ရောမလား"

ထိုအခါမှဗညားသဘောပေါက်ပြီး

"ကိုယ့်စိုင်းကရှက်နေတာလား"

"ရှက်တာတော့မဟုတ်ပေမဲ့ ဘယ်လိုပြောရမလဲခဏလောက်တော့အသိမပေးပဲနေရအောင်ဗျ ကျွန်တော်ကိုယ်တိုင်လည်းဒီအခြေအနေကိုမျှော်လင့်မထားတာမို့"

"အိုကေ စိုင်းသဘောပဲ ကိုယ်ကအဆင်ပြေတယ် ကိုယ့်ကိုအချစ်မလျော့ရင်ပြီးရော"

"အကိုကလည်းဗျာ"

အသည်းယားလွန်းစွာကလေးငယ်ပါးကိုရွတ်ခနဲနမ်းတော့ ဘေးဘီဝဲယာကိုကြည့်ပြီး သူ့ကိုမကျေနပ်သည့်ဟန်လေးဖြင့်ပြန်ကြည့်လာသည်။

ဘဝကစိုင်းရှိတော့လည်း သာသာယာယာပဲ COOL!!

နောက်သူလူခေါ်ဘဲလ်ကိုတီိးလိုက်တော့ ပထမတစ်ခါအထိဘာသံမှမကြားရ။ဗညားက လျှို့ဝှက်နံပါတ်သိပေမဲ့စွတ်ပြီးဝင်မသွားရဲ။ သူငယ်ချင်းကြီးက ဆင်ဆာအခန်းတွေရိုက်ကူးရေးလုပ်နေမှဖြင့်သူငရဲမရောက်ခင် ကိုယ့်အလှည့်ကြဝဋ်လိုက်မည်ကိုစိုးရိမ်သည်။ထို့အတူသူတို့ကခွန်းအိင်္ကျီတွေလာပို့သည်ဖြစ်ရာ ဒီတိုင်းထားခဲ့ပြီး မက်ဆေ့ချ်ပဲပို့ထားလိုက်ရမလား။ထပ်ပြီးလူခေါ်ဘဲလ်တီးရမလား သူတွေဝေနေပြီးခါမှ ဘဲလ်ကိုပဲထပ်တီးလိုက်သည်။နှစ်ခေါက်သုံးခေါက်လောက်မှ

အိင်္ကျီမှာဘာတွေမှန်းမသိဖွေးဖွေးဖြူနေပြီး ပါးတွေမှာရောဆံပင်တွေမှာပါ ပေကျံနေသည့်မော်ကွန်းကလာဖွင့်ပေးသည်။ ဘာလဲ။အဲတာဘာလုပ်နေကြတာလဲ။

"မော်ကွန်း မင်းပုံစံကဘာဖြစ်နေတာလဲ"

"ခွန်းကလုပ်ချင်တယ်ဆိုလို့ ကိတ်မုန့်ဖုတ်နေကြတာ"

ID-entity (Completed)Where stories live. Discover now