Part 29

466 41 0
                                    

"ခွန်းစိတ်ကိုလျှော့ပါဦးကွာ"

"ခင်ဗျားနောက်ကလိုက်မလာနဲ့နော် ကျွန်တော်တကယ်‌ ဒေါသထွက်နေတာ ခင်ဗျားတို့ကအကုန်သိထားပြီးတော့ကျွန်တော်တစ်ယောက်တည်းပဲမသိတာပေါ့ ပျော်ရဲ့လားကျွန်တော့်ကိုအရူးလုပ်ရတာ "

သူဆွဲထားတဲ့လက်ကိုဖြုတ်ချပြီး လှေကားကနေကမန်းကတန်းဆင်းသွားသူနောက်ကိုသူလိုက်ရသည်။ဓာတ်လှေကားကအပေါ်ကိုတက်နေပြီး မစောင့်နိုင်တဲ့ကောင်လေးက လှေကားကနေဆင်းပြေးသွားတာမို့ နောက်ကမလိုက်နဲ့ပြောထားပေမဲ့ သူတစ်ယောက်တည်းလွှတ်မထားရဲ။ ဒီချိန်မှာခွန်းကစိတ်တိုနေတဲ့သူ။သည်ကောင်လေးလဘယ်‌လောက်စိတ်ကြီးလည်းသူသိသည်။

"ခွန်း ကိုယ်‌ပြောတာနားထောင်ပါဦးဆို ခွန်းကိုအရူးလုပ်တာမဟုတ်ဘူး ကိုယ်ကမပြောဖို့နန်းကိုမှာထားတာ"

ထိုအခါမှတိခနဲရပ်လိုက်ကာ သူ့ဘက်ကိုလှည့်လာပြီး

"ဒါဆိုတရားခံကခင်ဗျားပေါ့ ဘာလို့လဲ ပြောပါဦး"

"ခွန်းက SIRO ရဲ့အလုပ်တွေနဲ့ပင်ပန်းနေတာလေ အဲတာကြောင့်ထပ်ပြီးဝမ်းမနည်းစေချင်လို့"

"အာ ကျေးဇူးတင်လိုက်တာဗျာ ကျေးဇူးတင်လွန်းလို့မျက်နှာကိုမမြင်ချင်တော့ဘူး နောက်ကလိုက်မလာနဲ့"

"ခွန်း"

သူမျက်ခုံးစပ်ကိုတွေကိုလက်နဲ့နှိပ်လိုက်ပြီး ဖုန်းထုတ်ကာဗညားကိုဖုန်းဆက်ရသည်။ခွန်းကသူ့ကိုမမြင်ချင်နေတာကို ဇွတ်လိုက်နေလျှင်လည်းနှောင့်ယှက်သလိုဖြစ်သွားမည်ကိုလည်းစိုးသည်။သူလှေကားနားမှာပဲရပ်နေလိုက်ပြီးဗညားကိုပြောတော့ စိုင်းကပါသူထိန်းထားမယ်ဟုဆိုလာ၏။ဖြေခဲ့သမျှစာမေးပွဲတွေ လုပ်ခဲ့သမျှအလုပ်တွေ တောင်ခွန်းလောက်တော့မခက်ဘူးထင်ရဲ့။

−−−−−

သူအောက်ကိုရောက်လာတော့နန်းကိုကြာကြာလိုက်မရှာလိုက်ရ။ကားပါကင်ကိုသွားနေသည့်လမ်းမှာပဲ ရင်ခွင်ထဲမှာနမ်းနေကြတာကိုတွေ့လိုက်ရသည်။တော်တော်ပျော်နေကြတာပေါ့။.

"ခွန်း"

သူသွားဖို့လုပ်တုန်း ငစိုင်းနဲ့ဟိုဆရာဝန်ကပါရောက်လာသည်။ဟိုလူဖုန်းဆက်လိုက်သည်ထင်၏။ဘာလဲ သူ့ကိုလူသတ်မယ်ထင်နေကြလို့လား။အိုဗာတွေလုပ်နေကြတယ်။

ID-entity (Completed)Where stories live. Discover now