Part 34

528 36 0
                                    

လှိုင်းတို့၏ရိုက်ခတ်သံကပင်လယ်ပြင်မှာကြီးစိုးနေသည်။ပင်လယ်ပြင်၏ပြာလဲ့လဲ့ရေကြည်များက ကျောက်ဆောင်များကိုတိုက်ခတ်ရိုက်စားသွားသည့်အချိန်တွင်အဖြူရောင်ရေဖွားလေးများအဖြစ်ပတ်ဝန်းကျင်ကိုဝဲဖြာကျသွားကြသည်။ကောင်းကင်ပြာတွင်သက်တံ့ရောင်ကထင်ရှားနေသလို ငှက်ကလေးများကလည်းအုပ်စုလိုက် စုံတွဲလိုက်ပျံသန်းနေကြသည်။

ဆားနံ့လေးများခပ်သင်းသင်းပျံ့နှံ့နေသော ပင်လယ်၏ကုန်းမြေတွင်ဖြင့်သဘာဝအလျောက်ခရုခွံလေးများအပြင် လူတို့ဖန်တီးထားပါသော အဖြူရောင်Themeကိုအသုံးပြုထားပြီးအဖြူရောင်ပန်းတို့ဖြင့်အလှဆင်ထားပါသောအခမ်းအနားတစ်ခုကလည်းလှပစွာ ရိုးရှင်းစွာ ခမ်းနားစွာရှိနေသည်။

ပန်းတို့ဖြင့်ခြံရံထားသောစင်ပေါ်တွင်တော့ အဖြူရောင်စန္ဓရားကြီးရှိနေသည်။လှပကျော့ရှင်းသောလက်ချောင်းငယ်များဖြင့်တီးခတ်ရာမှထွက်ပေါ်လာသော Beautiful in White song ၏သံစဥ်က အခမ်းအနားတွင်ရှိနေကြသောသူအားလုံး၏နားသောတအာရုံကိုသာမက နှလုံးသားတွေအထိပါတိုးဝှေ့ဝင်ရောက်နေလျက် အပြုံးကိုယ်စီဖြင့်လှပနေကြပြန်သည်။

ပင်လယ်နှင့်အတူအေးချမ်းစွာပျံ့လွင့်နေပါသော wedding song..

ပင်လယ်ပြင်ပေါ်ဖြာကျနေသောနေရောင်ခြည်လို အေးမြပြီးတစ်ချိန်ထဲမှာပင်နွေးထွေးစေသော wedding တစ်ခု။

ဖိတ်စာများတွင်ထွင်းထားပါသောနာမည်များဖြစ်ကြသည့် မော်ကွန်းခြွေ+ခွန်းဦးတည် ၊ ဗညားသင်္ချေ+စိုင်းမခလျှံ။

ဟိုတယ်ထဲရှိအခန်းငယ်ထဲတွင်တော့ ပြတင်းပေါက်မှလှမ်းမြင်နေရသည့် ပင်လယ်ပြာကြီးနှင့်တကွ မင်္ဂလာအခမ်းအနားတစ်ခုကိုခွန်းငေးကြည့်နေမိသည်။ နောက်ခံထားတဲ့ပင်လယ်ပြာကြီး အဖြူရောင်နှင်းဆီတွေနှင့် အခမ်းအနား။

သူနဲ့သူ့ရဲ့ချစ်ရသူနှစ်ယောက်ရဲ့တရားဝင်မင်္ဂလာပွဲ။

ခွန်းမျက်စိရှေ့အရာတွေကိုကြည့်နေရင်းနဲ့ပင်မိမိကိုယ်ကိုအိပ်မက်မက်နေသလိုခံစားရသည်။သူ့ကိုထိုလူသားက သူဘယ်တုန်းကမှမျှော်လင့်မထားဘူးတဲ့အတိုင်းအတာအထိချစ်မြတ်နိုးပေးပြီးတော့ တန်ဖိုးထားပေးခဲ့သတဲ့။ဝဲချင်လာတဲ့မျက်ရည်တွေကြောင့် သူခေါင်းကိုမော့ကာပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တော့

ID-entity (Completed)Where stories live. Discover now