Part 13

473 42 0
                                    

အပါ်ဆုံးထပ်ကနေအောက်ကိုဆင်းမဲ့သူတွေဓာတ်လှေကားရှေ့မှာစောင့်နေကြရင်း တင်န်ခနဲပွင့်တဲ့အသံနဲ့အတူ ဓာတ်လှေကားတံခါးပွင့်သွားသည်ကိုတွေ့လိုက်ရသည်။ နောက်တံခါးပွင့်လာပြီးမြင်လိုက်ရတဲ့အထဲကလူနှစ်ယောက်ကြောင့် အကုန်လုံးရဲ့ပါးစပ်တွေက ပြန်မပိတ်နိုင်လောက်အောင် အကျယ်ကြီးဟထားလျက်မိသား။ တစ်ချို့ဆိုလျှင်ကိုင်ထားသည့်လက်ကိုင်အိတ်တို့ပင်လွတ်ကျသွားတဲ့အထိ ။အချိန်တွေရပ်တန့်သွားသလို အကုန်လုံးကြောင်ပြီးရပ်ကြည့်နေကြသည်။

ဓာတ်လှေကားထဲမှာ ကောင်လေးတစ်ယောက်ကသူတို့တောင်မော်ကြည့်ပြီး စကားဆယ်ခွန်းပြည့်အောင်မပြောရဲတဲ့ဘော့စ်ကို ထိုးလိုက်သည်။ဘော့စ်ကလည်း ဟိုကောင်လေးကိုပြန်ထိုးသည်။ နှစ်ယောက်ကသူတို့မြင်မှရန်ဖြစ်ဟန်မတူ ဘယ်အထပ်ထဲကရန်ဖြစ်လာကြမှန်းမသိ။

ဘော့စ်ကနှုတ်ခမ်းမှာကပ်ထားတဲ့ပလာစတာကိုခပ်ကြမ်းကြမ်းခွာလိုက်တော့  သွေးတွေကစိမ့်ထွက်လာသည်။နှုတ်ခမ်းကသွေးတွေကိုလျှာနဲ့သပ်လိုက်တဲ့ပုံစံ formal suit နက်ပြာရဲ့ကြယ်သီးတွေကိုဆွဲဖြုတ်လိုက်တဲ့ပုံစံနဲ့ ထိုကောင်လေးကိုကြည့်လိုက်တဲ့အကြည့်စူးစူးတွေ။

အကုန်လုံးက ရန်ပွဲကိုဝင်ဆွဲဖို့ထက် ရန်ဖြစ်တဲ့သူရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ပုံကို မှင်သက်ပြီးငေးနေကြသည်။ ကြည့်နေရင်းနဲ့သူတို့နားမှာ အောက်စီဂျင်တွေပဲအလုံအလောက်မရှိတော့သလို။လည်ချောင်းတွေပဲပူလာပြီိး ခြောက်လာသလို ဖြစ်၍တံတွေးမြိုချရသည်မှာအခါခါ။ သူတို့တစ်ခါမှ ဘော့စ်ရဲ့ဒီလိုမြင်ကွင်းမျိုးမမြင်ဖူးဘူးလေ။အရမ်းကို sexy ကျလွန်းတယ် !!!!!

ဟိုကောင်လေးမှာလည်း ပါးတွေရောနှုတ်ခမ်းတွေရော ပေါက်လျက်သား။ နောက်မှသူတို့ထဲက လူကြီးတစ်ယောက်ကအသိဝင်လာပြီး ဓာတ်လှေကားထဲကနှစ်ယောက်ကိုဆွဲထုတ်ပြီးလူချင်းခွဲထားရသည်။ ဒါတောင်အချင်းချင်းကြည့်နေကြတဲ့မျက်လုံးတွေက မီးတဝင်းဝင်းနဲ့ ပြာကျမတတ်။ သူတို့တော့မသိ ဘေးကသူတွေတောင်ဘော့စ်ရဲ့အကြည့်ကိုမြင်ပြီးကျောချမ်းလာရသည်အထိ။

ID-entity (Completed)Where stories live. Discover now