Part15(uni+zawgyi)

2.8K 112 20
                                    

Uni

ကိုကိုကလေ သိပ်စိတ်မာတာ
နက်ကိုလည်းတစ်ခါမှ မညှာဘူး

ဖေဖေကထိုးမယ်ကြိတ်မယ် တကဲကဲဖြစ်နေလို့ ကြီးမြနဲ့ နက် ဝင်ဆွဲရတာတောင် ကိုကိုက ဘုန်းကြီးကျောင်းကိုလုံးဝမလိုက်ဘူး

နောက်ဆုံးတော့ သတို့သားမပါတဲ့ မဂ်လာဆွမ်းကို သတို့သမီးတစ်ယောက်တည်း ဆင်နွှဲခဲ့ရတယ်လေ

တော်သေးတာပေါ့ ဘယ်သူမှ မသိလို့
ဧည့်ခံပွဲမှာဆိုရင် ဘယ်လိုလုပ်ကြမလဲ

ပုလဲနက်လည်းကိုကို့လို သတ္တိလေးတွေရချင်လိုက်တာနော်
အရာရာကို ဘာမှကြောက်စရာမလိုပဲနဲ့
ဘယ်သူ့ကိုမှ ငဲ့စရာမလိုပဲပေါ့
............
မနက်စောစော ဘုန်းကြီးကျောင်းသွားဖို့ပြင်စင်ပြီးကာမှ နှင်းဆီက ဖုန်းဝင်လာတယ်
""မောင် နှင်းကိုလေ သိန်းငါးထောင်လောက် ခဏလှည့်ပေးပါလားဟင်"
"ရတယ်လေ နှင်း မောင်နေ့ခင်းလာပို့မယ်"
"ဟင့်အင်းမောင် နှင်းက အခုလိုနေတာ နှင်းမောင့်ဆီလာခဲ့မယ်လေ "
"နေ နေနှင်း မောင်ပဲ လာပို့မယ်နော် ကိစ္စလေးရှိသေးလို့ခဏလေးစောင့်ပေးပါနော်"
"အော် ရပါတယ်မောင်ရယ် နှင်းကလိုချင်တဲ့သူဘဲ စောင့်ရမှာပေါ့ ဟင်းဟင်း"
ချစ်ရသု အခက်အခဲဖြစ်နေချိန်မှာ အားငယ်သွားမှာကိုလည်း မလိုလားတာကြောင့်
"မောင်ခုပဲ လာခဲ့မယ်နော် "
"တကယ်လားမောင် ကျေးဇူးတင်ပါတယ်မောင်ရယ်နော်"
အခြေအနေအရ ဆွမ်းကျွေးကို မသွားနိုင်ဘူးလို့ပြောပြီးထွက်လာခဲ့ပေမယ့် တကယ်တန်းတော့ ကိုယ်လွန်သွားမှန်းလည်းသိပါတယ်
...........
"သမီးနှင်း ခန့်ထယ်ဝါက ခုလိုကူညီနေသေးတယ်ဆိုတည်းက သမီးအပေါ် စိတ်မကြန်သေးတာ သိသာနေတာပဲ"
"ဖေဖေရယ် မောင်က မနက်ဖြန်တောင် မဂ်လာဆောင်တော့မယ့်ဟာကို "
"မနက်ဖြန်ဆိုတာ ဒီနေ့မဟုတ်ဘူးသမီး တကယ်လို့ သူအဲ့မိန်းမကိုယူပြီးရင်တောင် သမီးသူ့ကိုဆွဲထားနိုင်ရင် သမီးအတွက်ကြီးပဲနော် "
"ဖေဖေရာ ဘာတွေပြောနေမှန်းမသိဘူး သမီးက မောင့်ကို ဘယ်လိုဆွဲထားလို့ရမှာလဲ ဘာလဲ ဖေဖေ့မှာ အကြံရှိလို့လား"
"ဟားဟား ဖေဖေက စီးပွားရေးသမားပါ သမီးရာ သမီးမသိထားတဲ့ ခန့်ထယ်ဝါယူမယ့်မိန်းမအကြောင်းတောင်ဖေဖေသိပြီးပြီဆိုရင် သမီးယုံလား"
"......"
"ဒီမှာသမီး ခန့်ထယ်ဝါယူမယ့် ပုလဲနက်မှာ ရည်းစားရှိတယ် အဲ့တော့ သူ့ကောင်လေးသူ့ကိုခိုးပြေးဖို့ သမီးကသူ့ကောင်လေးကို အကူအညီးပေးလိုက်ပေါ့"
"ဖေဖေ ဒီကိစ္စတွေဘယ်လိုသိထားတာလဲ"
"ဟားဟား ဖေဖေ့ကို အရမ်းအထင်မကြီးပါနဲ့ သမီးရယ် တကယ်က အဲ့ကောင်လေးရဲ့ အမေဒေါ်သက်ထားမေက ဖေဖေနဲ့ သိတာကြာပြီ
သူပဲ ဒီ အစီအစဉ်ကို ဆွဲပေးထားတာ"
"ဘယ်လို ဒေါ်သက်ထားမေဟုတ်လား"
"ဟုတ်တယ် သမီး သမီးကခန့်ထယ်ဝါကိုလက်ထပ်လိုက်ရင် သု့သားနဲ့ ပုလဲနက်လဲ ငြားအောင်လို့ပေါ့"
"ဒါပေမယ့် သူတို့က မနက်ဖြန်လက်ထပ်ကြတော့မှာလေဖေဖေရဲ့"
"အေးမနက်ဖြန် လက်မထပ်ခင် ဒီနေ့ သမီးနဲ့ ခန့်ထယ်ဝါ အရင်လက်ထပ်ရမယ် ဘယ်လိုလဲ"
...............
ခန့်ထယ်ဝါ နှင်းဖြူစင်တို့အိမ်ရောက်တော့ နှင်းတစ်ယောက်တည်းရှိတယ်
"မောင် ကော်ဖီလေးသောင်လိုက်ပါဦး"
"ဟင့်အင်းနှင်း မောင်သွားစရာရှိလို့ အခုပြန်မှဖြစ်မယ်"
ဘယ်လိုပဲ မသွားဘူးပြောပြော မှီသလောက်တော့ သူရောက်အောင်သွားချင်သေးတယ် နှင်းကိုကြည့်ရတာလဲ တမျိုးပဲ လိုတာထက်ပိုပြီး လော်လီတဲ့ အဝတ်တွေနဲ့ မပေါ့်တပေါ်လေး ဝတ်ထားတယ် တစိမ်းယောက်ျားလေးအိမ်လာမှာ သိလျက်နဲ့
"မောင်ကလည်း နှင်းဖျော်ထားတာလေးတော့ သောက်လိုက်ပါ မောင်ရယ်နော်"
ထပ်ငြင်းနေရင် မကောင်းတာနဲ့ ကော်ဖီခွက်ကို ကိုင်လိုက်တယ်
"နှင်း အိမ်မှာဘယ်သူမှ မရှိဘူးလား"
"ဟင့်အင်း မရှိဘူးမောင် မောင်လွတ်လွတ်လပ်လပ်နေလို့ရတယ်နော်"
နှင်းကိုကြည့်ရတာ တခါမှ မမြင်ဘူးတဲ့အပြုအမူတွေနဲ့ ခန့်ထယ်ဝါ သိပ်ဘဝင်မကျသလိုပဲ
ကော်ဖီခွက်ကိုကိုင်ပြီးသောက်ဖို့လုပ်လိုက်တဲ့ အချိန်
📲📲📲📲📲📲
ပုလဲနက်ဆီက
"အေးပြော"
"ကို ကိုကိုရေ မြန်မြန်ပြန်လာပါ ဟီးအီး
ဖေဖေ ဖေဖေလေ ဖေဖေ့ကို ခေါ်လို့မရတော့ဘူး ဟီးအီး ဖေဖေ ဖေဖေရေ"
"ဘာ ခုဘယ်မှာလဲ"
"ဆေးရုံကိုသွားနေတယ် ကိိုကိုပြန်လာပါနော်ဟီးအီး"
"....."
"မောင် ဘာဖြစ်လို့လဲ"
"နှင်းမောင်ပြန်ရတော့မယ် ဖေဖေဆေးရုံတင်ရလို့တဲ့"
..........
ခန့်ထယ်ဝါပြန်သွားတော့ အကြံမအောင်မြင်လို့ နှင်းဖြူစင်တစ်ယောက် တောက်တခေါက်ခေါက်နဲ့ပေါ့
.......
"ကိုကို ဟီးအီး
ဖေဖေကိုကယ်ပါဦး ကိုကိုရယ်"
သူရောက်တယ်ဆိုရင်ပဲ သူ့ကိုပြေးဖက်ပြီးငိုနေတဲ့ နက်ကို ရင်ခွင်ထဲထည့်ပြီး
"ကြီးမြ ဖေဖေဘာဖြစ်တာလဲ"
ကြီးမြကတော့ ပကတိတည်ငြိမ်နေတယ်
"သားကြီး ကြီးမြပြောတာ သေချာနားထောင်နော် သားဖေဖေက အချိန်အကြာကြီးမနေရတော့ဘူးကွယ့်"
"ဘယ်လိုဖြစ်နိုင်မှာလဲ
ဖေဖေက နေကောင်းလို့တောင် ဟိုမှာ ဆေးမကုဘဲပြန်လာတာပေါ့"
"စက်ာပူသွားတယ်ဆိုတာ အစားထိုးဖို့ သွားခဲ့တာမှန်ပေမယ့် အစားထိုးလို့မရခဲ့ဘူးသား သူကြာကြာမနေရတော့ဘူး"
"ဘာလို့ကျွန်တော့ကို စောစောက မပြောခဲ့တာလဲ မဖြစ်နိုင်ဘူး ဖေဖေကိုအသေမခံနိုင်ဘူး ဟင့်အင်း"
"သားရယ် သားဖေဖေက သားတို့တွေ သူ့ကြောင့် စိတ်ညစ်နေရမှာကို အရမ်းကြောက်ခဲ့တာ ကြီးမြကလည်း သက်ဦးရဲ့ အသည်းကို အစားထိုးလို့ရမယ်လို့ထင်ထားခဲ့တာလေ ခုတော့ ခုတော့ ဟင့် ဟင့်"
ကြီးမြကပါ ငိုပြီး ခန့်ကိုလာဖက်တယ် ရင်ခွင်ထဲက မိန်းမသားနှစ်ယောက်လုံးကို နှစ်သိမ့်ပေးရင်း သူလည်း မျက်ရည်တွေက တားမရစီးမရ
........
"အေး သူလုပ်လို့မရရင် နင်လုပ်
သတ္တိ နင်တော့လွဲလို့မရတော့ဘူးနော်
မဟုတ်ရင် ငါ့အကြံတွေ အားလုံးရေစုံမြောသွားရလိမ့်မယ် "
"စိတ်ချပါမေမေရယ် ခုတောင် သူတို့တွေ ဦးဂုဏ်ဆေးရုံတက်နေရလို့ မအားကြတာ
အခွင့်ကောင်းပဲပေါ့ "
"အေး ခုသွားပြီး ပုလဲနက်ကို မရရအောင်ခေါ်လာခဲ့"
"စိတ်ချမေမေ"
.......
လူနာခန်းထဲမှာ ဆေးပိုက်မျိုးစုံသွင်းပြီး လှဲနေပေမယ့် ဦးဂုဏ်ရဲ့ မျက်နှာက ပကတိကြည်လင်နေတယ်
"ဒီမှာ သားနဲ့ သမီး လူဆိုတာသေမျိုးကြီးပဲ ဖေဖေက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တည်းက သေမိန့်ကျပြီးသားလူသားတစ်ယောက် ဒါပေမယ့် နက်လေးဖေဖေကြောင့် ဖေဖေ့အသက်ကို ဆွဲဆန့်ထာနိုင်ခဲ့တာ
ခုဖေဖေသေရလည်း သေပျော်ပြီ
မနက်ဖြန်ဆို သားနဲ့ သမီးရဲ့ မဂ်လာပွဲကိုတောင် ဖေဖေတက်သွားနိုင်ဦးမယ်"
"ဖေဖေကလည်း နေမကောင်းသေးပဲနဲ့ မဂ်လာက နောက်မှဆောင်လည်းရတာကို"
"သား ဖေဖေမသေခင် ဖြစ်ချင်တဲ့ ဆန္ဒကလေ သားနဲ့ သမီးကို လက်ထပ်ပေးခဲ့ ဖို့ပဲ
ဒါဆိုဖေဖေသေပျော်ပြီ "
"ဖေဖေရယ် သေစကားတွေမပြောပါနဲ့ နက်ကို မထားခဲ့နဲ့နော် ဖေဖေ"
"သမီးလေးရယ် ဖေဖေကနက်ကိုတစ်ယောက်တည်းထားခဲ့တာမှမဟုတ်တာ သမီးကိုကိုနဲ့ဆို ဖေဖေသမီးကိုစိတ်ချပြီ"
.....
"ကြီးမြနဲ့ နက်အိမ်ပြန်လိုက်လေ ဖေဖေ့ကိုကျွန်တော်ပဲစောင့်လိုက်မယ်"
"ဒါဆိုသားကြီး အရင်အိမ်ပြန်ပြီး ထမင်းသွားစားပြီး ရေမိုးချိုးလာခဲ့လိုက် သားပြန်လာမှ ကြီးမြတို့နှစ်ယောက်အိမ်ပြန်လိုက်မယ်"
ခန့်ထယ်ဝါထွက်သွားပြီးမကြာဘူး နက်နဲ့ ကြီးမြ ဖေဖေ့ကိုစောင့်နေတုန်း
သတ္တိရောက်လာတယ်
"နက် ဦးဂုဏ်နဲ့ အသည်းတစ်ရှူးချင်းတူတဲ့လူကိုတွေ့ပြီတဲ့"
"ဟုတ်လား ဘယ်မှာလဲ ခုလှူလို့ရပြီလားဟင်"
"အင်းသူက ဟိုဘက်အဆောင်ကလူနာတဲ့ နက်လိုက်ကြည့်ပြီး လှူဖို့ အကူအညီတောင်းကြည့်ပါလား"
"အင်း နက်တို့သွားပြောကြရမယ် ကြီးမြနနက်လိုက်သွားလိုက်မယ်နော် ဖေဖေ့ကိုစိတ်ချမယ်နော်ကြီးမြ"
"စိတ်ချပါသမီးရယ် သမီးသေချာပြောခဲ့နော် အဆင်ပြေပါစေသမီးရယ်"
.....
နက်လျောက်နေတာကြာလှပြီ
"ကိုသတ္တိဘယ်မှာလဲ အလှူရှင်က "
အနောက်က သတ္တိက နက်ကို မေ့ဆေးအဝတ်နဲ့ အုပ်လိုက်တယ်
နက်လည်း ရုံးရင်းကန်ရင်းနဲ့ပဲ အမှောင်ကမ္ဘာဆီကို ကူးခပ်သွားတယ်
Thanks for reading
ဒါဒါတို့ရေ သာသာ့ကိုအားပေးလို့ကျေးဇူးအရမ်းတင်ပါတယ်နော်
နောက်အပိုင်းတွေကိုလေ ရက်ခြားပဲတင်နိုင်တော့မယ်ထင်တယ် သာသာကိုနားလည်ပေးပါနော် 😞
ဒါဒါလေးတို့ အချစ်တွေမပေါ့သွားပါနဲ့နော်😞😞😞

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now