Part16(uni+zawgyi)

2.7K 116 17
                                    

Uni
📨ကြီးမြရေ နက်ချစ်သူနောက်လိုက်သွားပါပြီ နက်ကိုခွင့်လွှတ်ပါ

ကြီးမြ နက်ဆီက message ကိုဖတ်ပြီး မျက်လုံးပြူသွားတယ်

'သားကြီး ဟုတ်တယ် သားကြီးကို ဖုန်းဆက်ရမယ်'

📲📲📲📲📲

"ဟယ်လို ကြီးမြ"

"သားကြီး နက်ကို ကယ်ပါဦး နက်လေးလေ နက်လေးကို သတ္တိခေါ်သွားလို့"
"ဘယ်လို ကြီးမြ သူကဘာလို့သတ္တိနောက်လိုက်သွားတာလဲ"

"သတ္တိက လာခေါ်တာပဲ
မောင်လေးကို အသည်းလှူမယ့်သူတွေ့ပြီဆိုပြီး ခေါ်သွားတာ ခုကျတော့ နက်ဖုန်းကနေ message ရောက်လာတယ်
သူ သူ့ချစ်သူနောက်လိုက်သွားပြီတဲ့ သားရယ်ရှာပါဦး"

"တောက် ဒီမိန်းမတော့ကွာ ဖေဖေဒီလောက်ဖြစ်နေတာတောင်"

"သားကြီးရယ် နက်ကိုမြန်မြန်ရှာပါနော်  ကြာနေရင်ဒုက္ခတွေများမယ်နော် သားကြီး"

"စိတ်ချ
ကြီးမြ အဲ့ မိန်းမကို သားရအောင်ပြန်ခေါ်ခဲ့မယ် တောက် "

ဖုန်းချလိုက်ပြီး ခန့်ထယ်ဝါ ဦးနှောက်ကို အမြန်အလုပ်လုပ်လိုက်တယ်

သတ္တိမှာ နက်ကိုခိုးစရာ အိမ်ဆိုလို့သိပ်မရှိဘူး  စဉ်းစားလို့ရတာနဲ့ ကားကို ဝုန်းတိုင်းမောင်းပြီး ဦးတည်ရာဆီကို ထွက်သွားတယ်
............

"ဘာမှမပူနဲ့တော့ သမီး သတ္တိဆိုတဲ့ကောင်လေးက ပုလဲနက်ကိုခိုးပြေးပြီတဲ့ ခန့်ထယ်ဝါ ကိုသမီးပဲပိုင်ဆိုင်ရမှာ"

"ဟား ဖေဖေက အရမ်းသိတယ်နော် ဘာလဲ ဒါဆို ဒီကိစ္စလည်း ဒေါ်သက်ထားမေ ပြောတာပဲလား"

"အေးပေါ့ ဒေါ်သက်ထားမေဆိုတာလေ သိပ်ကောက်ကျစ်တတ်တဲ့မိန်းမတစ်ယောက်ပဲ ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်ထားတာ ရန်သူဖြစ်ထားတာထက်ပို စိတ်ချရတယ်"

"ဟင်းဟင်း ဒါပေါ့"

"ဒါဆို သမီး မောင့်ကို ဖုန်း
ဆက်ကြည့်လိုက်ဦးမယ်နော်"

📲📲📲📲📲📲📲

ဖုန်းမကိုင်ဘူး

📲📲📲📲📲📲📲

📲📲📲📲📲📲

လုံးဝမကိုင်ဘူး

'မောင် ဖုန်းနဲ့ လူနဲ့ တခြားဆီဖြစ်နေတာပဲဖြစ်မယ်'

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now