(Unicode)
အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ 'High boss ရဲ့ ယောက်ျားကအလှလေး ' ဆိုတဲ့ ဝတ္ထုကို ဖတ်နေတာပင် ဖြစ်သည် ။ ထို ဝတ္ထုသည် မိန်းမပျိုငယ်များ အကြားတွင် အတော်ရေပန်းစားပြီး ထက်ရှိန် ရဲ့ ညီမငယ်ဟာလဲ ထိုဝတ္ထုကို အရူးအမှုး စွဲလန်းနေသူ ဖြစ်လေသည် ။
ထက်ရှိန်လဲ မည်သည့်အကြောင်းအရာ တွေကြောင့်များ ဆွဲလန်းနေကြသည်ကို သိချင်သောကြောင့် နေ့လည်တွင် ညီမ ဆီမှ တောင်းခဲ့သည့် ' High boss ရဲ့ ယောကျာ်းက အလှလေး' ဆိုသည့် ဝတ္ထု၏ Link ကို နှိပ်ကာ ကုတင်ပေါ်လဲရင်း ဖတ်နေလိုက်တော့သည် ။
ဇာတ်ကြောင်းအရာမှာ တော်တော်ကောင်းမွန်လှသည် ။ ဆိုးရွားလှသည့် ဇာတ်မျိုးတော့မဟုတ်ပေ ။ ဇာတ်ကြောင်းမှာမူ ABO world ပုံစံ မျိုးဖြစ်သည် ။ Alpha High boss နှင့် ကလေးထိန်း Omega တို့ ချစ်ကြိုက်ကြသည့် ဇာတ်လမ်းဖြစ်သည် ။ ဗီလိန်မှာမူ High boss၏ အရင်ယောက်ျား Omega ဖြစ်သည် ။ Comment မာမူ တော်တော် အဆဲခံရသည့် ဇာတ်ကောင်မျိုးဖြစ်သည် ။
High boss သည် ဗီလိန်နှင့် ကွာရှင်းပြီးနောက်တွင် အိမ်သို့ပြန်အလာ ဇာတ်လိုက် Omega ၏ Heat ဝင်ချိန်နှင့်တိုးပြီး ငလျင်လုပ်ခဲ့ကြကာ အချစ်စိတ်များတိုးပွားလာခဲ့သည် ။ ဒီလိုဖြင့် Happy ending ဖြစ်သွားခဲ့သည် ။
ဇာတ်လမ်းမာမူ ထူးဆန်းစရာ အချက်များပါပါသော်လည်း သူအနေနဲ့ စိတ်မဝင်စားသောကြောင့် ပလစ်လိုက်သည် ။ ထို့ကြောင့် ထက်ရှိန်အနေနဲ့ ဇာတ်လမ်းကို Rating ပေးရာတွင် အလယ်အလတ်သာပေးခဲ့ပြီး Comment တစ်ခုချန်ထားခဲ့ကာ အိပ်လိုက်လေသည် ။
Edward : ဇာတ်လမ်းက နည်းနည်းထူးဆန်းပြီး တစ်ခုခုလွဲနေတာက လွဲရင် အဆင်ပြေပါတယ် ။ ငါ့ Rating ကတော့ အလယ်အလတ်ပဲ ။
ဟူ၍ဖြစ်သည် ။ မကြာမီမှာပင် ဝတ္ထုစာရေးသူက
Author: အော် ဟုတ်လား ။ အဲ့ဒီလွဲနေတာလေးကို မင်းပဲပြင်လိုက်တော့ (☞ ͡° ͜ʖ ͡°)☞
ဟူ၍ပင်ဖြစ်သည် ။
Author မှ replied ပြီး မကြာခင်မှာပင် ထက်ရှိန်၏ အိပ်ရာတွင် အပေါက်ကြီး ဖြစ်ပေါ်လာကာ အဲ့ထဲကိုပြုတ်ကျသွားလေရဲ့ ။
YOU ARE READING
ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]
Randomမိန်းမပျိုငယ်လေးတွေ ကြားမှာ အရမ်းရေပန်းစားနေတဲ့ ဝတ္ထုကို ဖတ်ပြီး အိပ်ပျော်သွားခဲ့ပြီး မနက်ကြ ဇာတ်လိုက်ကောင်ရဲ့ အရင်ယောက်ျား ကလေးအဖေ ဗီလိန်ဖြစ်နေတယ်ဟ!!!!!!! (Unicode ) မိန်းမပျိုငယ်လေးတွေ ကြားမှာ အရမ်းရေပန်းစားနေတဲ့ ဝတ္ထုကို ဖတ်ပြီး အိပ်ပျော်သွားခဲ့ပြ...