Episode - 13

1.4K 104 6
                                    

Unicode

ဈာန်ရတု နှင့် အဲလက်စ် ထမင်းစားပြီးသည်နှင့် ဈာန်ရတုတစ်ယောက် အဲလက်စ်ရင်ခွင်ထဲနေရင်း အချိုတည်းနေလေ၏။

အချိုတည်းနေရင်း အကြောင်းအရာတစ်ခုကိုသတိရလာကာ အဲလက်စ် အားပြောပြရန် ခေါင်းလေးအားမော့လိုက်၏။

"အဲလက်စ်...."

ဈာန်ရတု၏ စွဲစွဲငင်ငင်ခေါ်သံလေးကြောင့် ခေါင်းကိုအောက်ငုံ့လိုက်ကာ

"ပြောလေ အချစ်"

ဟုဆိုလိုက်ရင်း နှဖူးလေးကိုငြင်သာစွာ အနမ်း တစ်ခုပေးလိုက်သည်။

ဈာန်ရတု တစ်ချက်ပြုံးလိုက်ရင်း

"ခင်ဗျား သိလား ။ ဘေးခြံကြီးကို လူသစ်ပြောင်းလာပြီ ။ ကျနော် ထွက်မလာခင်ကပဲ အိမ်ပြောင်းရွေ့ရေးကားကြီး တွေနဲ့ ပစ္စည်းတွေလာချနေတာ ။ ဘယ်သူလဲဆိုတာ ခင်ဗျားသိလား။"

ဈာန်ရတု၏ အမေးကို အဲလက်စ် ခေါင်းတစ်ချက်ငြိမ့်လိုက်ရင်း

"အင်း ကိုယ်သိတယ် အချစ်ရဲ့ ။ သူတို့က ဗရန်စီဝင်ဂါယာ မိသားစုလေ ။ အန်တိုနီ ဗရန်စီဝင်ဂါယာ နဲ့ ဟယ်ရီရေးလ်မောင် တို့ လင်ယောက်ျား တို့ပြောင်းလာတာ ။ သူတို့ကို အချစ်သိမှာပါ။"

အဲလက်စ်အပြောကို ခေါင်းလေးငြိမ့်ငြိမ့်လုပ်ရင်း နားထောင်နေသည် ။ ဈာန်က သူတို့ကိုသေချာမသိ ။ အဘယ်ကြောင့်ဆို ဝတ္ထုထဲတွင်သူတို့အကြောင်းမပါခဲ့ချေ ။ မူလကိုယ်၏ မှန်ဉာဏ်တွင်တော့ သူ့တို့အကြောင်းရှိ၏ ။ သူတို့လင်ယောက်ျား၂ဦးမှာ အောင်မြင်ကျော်ကြားသော ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်နှင့် ဒီဇိုင်နာဖြစ်သည်ဟုပင်သိရ၏။

"အွန်း အာ့ဆိုလဲ ဟုတ်ပါပြီ ။ တို့ဖူးလေးကိုလေ ကျနော်တို့တူတူသွားကြိုရအောင်နော် ။ တို့ဖူးလေးက မျှော်နေမှာ"

ဟုဆိုကာ ပြုံးရင်းနဲ့ အဲလက်စ် ရင်ခွင်ထဲတိုးဝင်နေလေ၏ ။

"ဟုတ်ပါပြီ အချစ်ရယ် ။ အချစ်သဘောပါပဲ ။"

ဈာန်ရတုကို အဲလက်စ် တစ်ယောက်နူးညံ့စွာကြည့်နေရင်း နှုတ်ခမ်းဖျားထက် ကိုနူးညံ့သည့် အနမ်းတစ်ခုပေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 22, 2023 ⏰

Add this story to your Library to get notified about new parts!

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now