Episode - 8

4.2K 390 14
                                    

(Unicode)

ဟော...တို့ဖူးသားအဖ နှစ်ယောက် ဈာန်ရတု ချက်သည်ကို စိတ်ဝင်တစားရှိနေကြလေသည် ။

ထို အရာကို ဈာန်ရတု တွေ့လိုက်သည်နှင့်

"သခင်ကြီး အဲလက်စ်ခေါင်ယံနှင့် သခင်လေး တိမ်ထွဋ်ခေါင်ယံ ခင်ဗျာ့ ထမင်းပန်ကန်နဲ့ ဇွန်းလေးတွေ ယူပြီး စားပွဲပေါ်နေရာချပါခင်ဗျာ့ "

(A/N) : တရားဝင် နာမည်ပါလာပါပြီ ။ အကယ်၍များ အခြားနာမည်များနှင့် တူနေပါက လာပြောပေးကြပါ ။ အထူးကျေးဇူးတင်ပါသည် ။

ဟုဆိုလိုက်သည်နှင့် တစ်ပြိုင်နက် တို့ဖူးသားအဖနှစ်ယောက်မှာ ချက်ချင်း အလေးပြုသလို လုပ်ကာ

"ဟုတ်ကဲ့ပါ သခင်မကြီး ခင်ဗျာ့" ×၂

ဟုဆိုကာ ပန်းကန်တွေကိုနေရာချနေလေရဲ့ ။ အိမ်တော်ထိန်း နှင့် အိမ်အကူများကို အနားပေးလိုကိပြီ ဖြစ်နေသဖြင့် သခင်ကြီးရဲ့ ထိုကဲ့သို့ အမူအရာကို မတွေ့လိုက်ရချေ ။ ထိုအမူအရာ ကိုတွေ့မြင်ခဲ့ပါက တကယ်ကို ထိတ်လန့်စရာပင်မို့ မေ့လဲကာ ဆေးရုံရောက်တော့မလိုပင် ဖြစ်နိုင်ပေသည် ။

တို့ဖူးသားအဖ နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ကာ ဈာန်ရတု အသဲယားနေလေသည် ။

"ချစ်စရာကောင်းလွန်းတဲ့ တို့ဖူးတုံးတွေ " ဟု စိတ်ထဲတွေးရင်းရယ်နေလေသည် ။

"ခစ်ခစ်ခစ်"

"ဖေဖေ ဘာရယ်တာလဲဟင်" တို့ဖူးတုံးလေး မေးလိုက်လေသည် ။

"ဖေဖေ့တို့ဖူးတုံးက ချစ်ဖို့ကောင်းလို့ ရယ်တာပါခင်ဗျာ့"

"အော် အဲ့လိုလား ၊ အဲ့ဆို များများ ရယ်ပေးနော် ဟီး" တို့ဖူးတုံးလေးက ပြောလေသည် ။

"ဒါပေါ့ ရယ်ပါတယ်ခင်ဗျာ" ဈာန်ရတုပြန်ဖြေလိုက်သည် ။

"ကယ် သားအဖတွေ စားမယ်လေ ၊ တို့ဖူးလေး ဒယ်ဒီတို့ ပန်းကန်တွေချရအောင် ၊ သခင်မကြီး ထိုင်နေပါခင်ဗျာ့ ၊ ကျနော်တို့ သယ်လာပါ့မယ်ခင်ဗျာ့ " အဲလက်စ် မှပြောလိုက်သည် ။

"အော် အဲ့လိုရတာပေါ့ ၊ ဒါဆိုဟင်းပွဲေတွချပေးပါအုံး " အလိုက်သင့်လေးပြောလိုက်လေသည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now