Episode - 12

2.8K 255 26
                                    

Unicode

Epic Education School သည် တစ်နိုင်ငံလုံးမှ နာမည်ကြီး သူဌေးကြီးများ ။ နိုင်ငံကျော်မော်ဒယ်၊အဆိုတော်၊သရုပ်ဆောင် နှင့် နာမည်ကြီးပုဂ္ဂိုလ်တို့၏ သားသမီး၊မြေးမြစ်တို့သာ တက်ရောက်ကြသည့်ကျောင်းဖြစ်သည် ။ စကော်လာနှင့် တက်ရောက်သည့်ကျောင်းသားရှိသော်လည်း အနည်းအကျင်းသာဖြစ်သည် ။ စကော်လာကျောင်းသားအနည်းငယ်သာတက်ရောက်လို့ရသည်ဖြစ်သော်လည်း ထို
စကော်လာအား ရရှိရန် ကြိုးစားနေကြသည့် ကျောင်းသားများမျာ မူအလွန်ပင်များပြားလွန်းလှသည် ။

ကျောင်းလခ မှာမူဈေးကြီးလွန်းလှသော်လည်း ဤကျောင်းမှပြီးသော ကျောင်းသားများအတွက် အကျိုးခံစားခွင့်မှာ အလွန်များပြားသည် ။ နာမည်ကြီးအများအပြားမှာလဲ ထိုကျောင်းထွက်ပင်ဖြစ်သည် ။ အဲလက်စ်နှင့် ဈာန်ရတုသည်ပင် ထိုကျောင်းထွက်များဖြစ်သည်။

အကျိုးခံစားခွင့်များထဲမှတစ်ခုမှာမူ Epic Education School မှ ကျောင်းမှ အထက်တန်းပြီးသူများသည် ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် Epic University သို့ ဝင်ခွင့်ဖြေရန်မလိုအပ်ပဲ တိုက်ရိုက်တက်ရောက်ခွင့်ရပြီး ကြိုက်နှစ်သည့် မေဂျာ ကိုတက်ခွင့်ရမည် ။

ကျောင်းခန်းလေးသည် ကလေးများ၏ အသံများဖြင့် သက်ဝင်လှုပ်ရှားနေကြသည် ။

မည်သူကအရုပ်အသစ်ရကြောင်း ၊ ဖိနပ်အသစ်လေးမှာမည်မျှဈေးကြီးကြောင်း ၊ ကလစ်အသစ်မှာ ရွှေနှင့်ပြုလုပ်ထားကြောင်း ၊ စက်ရုပ်အသစ်မှာ limited edition ဖြစ်ကြောင်း ၊ မြင်းအသစ်တစ်ကောင်ရခဲ့ကြောင်း အချင်းချင်းကြွားနေကြသည့် အသံများဖြစ်ပေသည် ။ သူဌေးကြီးများ၏ သားသမီးမြေးမြစ်များဖြစ်ကြ၍ ဤကဲ့သို့ကြွားဝါးနေသည်မှာ အထူးအဆန်းမဟုတ်ချေ ။ ထိုထဲတွင်တော့ တိမ်ထွဋ်ခေါင်ယံ မပါဝင်ချေ ။

ထိုကဲ့သို့ကြွားဝါနေကြသည်ကို သူစိတ်မဝင်စား ။ သူစိတ်ဝင်စားသည်မှာ သူ့ဖေဖေလုပ်ပေးသည့် ထမင်းဘူးကို စားချင်နေသည်ကိုပင် ။ ထိုအချိန်တွင် အတန်းပိုင်ဆရာမ ဝင်လာသဖြင့် ကလေးများ၏ ပူညံပူညံ အသံလေးများဟာ ရပ်သွားကာ သူ့နေရာသူပြန်ထိုင်လိုက်သည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now