Episode - 3

5.2K 563 15
                                    

(Unicode)

ဈာန်ရတု တစ်ယောက် မုန့်တွေကို ယူပြီး ကားလေးကို ခပ်သေ့သေ့ မောင်းနှင်လာလိုက်သည် ။

သူသွားနေသည့်ကျောင်းမှာ အထက်တန်းလွှာများသာ တက်နိုင်သည့် Epic Education School ပင် ဖြစ်သည် ။ ကျောင်းစရိတ်မှာ အလွန်ဈေးကြီးလွန်းလှပြီး တစ်နိုင်ငံလုံးမှ နာမည်ကြီးအကျော်အမော်အများစုသည် ထိုကျောင်းထွက် ကျောင်းသားများဖြစ်ကြသည် ။ မူလ ခန္ဓာကိုယ်တိုင်လဲ ဒီကျောင်းထွက်ပင်ဖြစ်လေသည် ။

ကားလေးကို ကျောင်းရှေ့လွတ်သည့်နေရာလေးတွင်ရပ်လိုက်လေသည် ။ ထို့နောက် ‌လာကြိုသည့် မိဘများကို စောင့်ဆိုင်းရန်ဆောက်လုပ်ပေးထားသည့် ဆိုင်လေးထဲကို ဝင်လိုက်သည် ။

ဆိုင်လေးဟုသာ အမည်တပ်ထားသော်လည်း ထိုနေရာမှာမူ သူဠေးမများ အတင်းတုပ်ရာနေရာသာဖြစ်ပေသည် ။

ကား‌ကို ရပ်လိုက်သည်နှင့် သူဠေးမများမှာမူ ကားကို သမင်လည်ပြန်ငေးကြည့်နေကြလေသည် ။

"ဟဲ့ အဲ့ကားက UMB 40MK မဟုတ်ဘူးလား "

သူဠေးမ တစ်ယောက်မှ စကားစလိုက်လေသည် ။

"ဟုတ်တယ်ဟေ့ ၊ အဲ့ကားက M နိုင်ငံ တစ်နိုင်ငံလုံးမှာမှ 3 စီးပဲရှိတာလေ ၊ "

နောက်တစ်ယောက်က ထပ်ပြောလေသည် ။

"နေအုံး နေအုံး သူဆင်းလာတော့မယ် "

ဈာန် တစ်ယောက် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဆိုင်ထဲမှ လူများ၏ မျက်လုံးများမှာမူ သူ့၌သာရှိနေလေသည်ကို သိသော် ကြောင်ကြောင်တောင်တောင်လေးနဲ့ ကားသော့ကိုဆွဲကာ ဆိုင်ထဲဝင်လိုက်လေသည် ။

ဆိုင်ထဲမှ လူများလည်း ကားပေါ်မှ လူငယ်လေးကိုကြည့်ရင်း အံ့ဩနေကြလေသည် ၊ လှလွန်းသည့်ကောင်လေးတစ်ယောက် ကားပေါ်မှ ဆင်းလာသည်မှာ အလွန်ကိုလှရက်နိုင်လွန်းသည် ။
ထိုကောင်လေး ဆိုင်ထဲကို ဝင်လာသည်နှင့်တစ်ပြိုင်နက် Baby powder Hormones အနံ့လေးသင်းလာလေသည် ။ ထိုအနံ့လေးရလိုက်သည်နှင့် တစ်ပြိုင်နက် Omega လေးမှန်းသိလိုက်ရလေသည် ။

လူတိုင်းသိချင်နေကြသည်မှာ ထိုလှပလွန်းသည့် Omega ‌အမျိုးသားလေး၏ ကလေးကိုပင်ဖြစ်သည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now