Episode - 10

2.2K 249 13
                                    

Unicode

မနက်စာစားလို့ပြီးတော့ အဲလက်စ်က တို့ဖူးလေးကိုပြောလိုက်သည်။

"တို့ဖူးလေး ကို ဒယ်ဒီကျောင်းလိုက်ပို့ပေးမယ်နော်"

တို့ဖူးလေးမှာ ဝင်းပစွာပြုံးရင်း ခေါင်းကိုငြိမ့်ကာ

"ဟုတ်ကဲ့ ဒယ်ဒီ ပျော်စရာကြီး အဟီး...မနေ့က ဖေဖေလာကြိုတယ် ဒီနေ့ ဒယ်ဒီက လိုက်ပို့တယ် ဒီလိုနေ့တိုင်းဖြစ်နေရင်ကောင်းမှာပဲ ။ 2ယောက်လုံးဆိုပိုကောင်းမှာပဲ"

စျာန်ရတုနဲ့ အဲလက်စ်တို့ အချင်းချင်းကြည့်လိုက်ရင်း ပြုံးလိုက်ကာ

"ဒါပေါ့သားရယ်"×၂

"ဒါပေမဲ့ သားဖေဖေက အခု လိုက်လို့မရသေးဘူး "

"ဟုတ်ကဲ့ပါ ဒယ်ဒီ"

ဈ န်ရတုမှ တို့ဖူးလေးရဲ့ လွယ်အိတ်နှင့် ထမင်းဘူးလေးကိုယူကာ အဲလက်စ်အားပပေးပြီးသည်နှင့် တို့ဖူးလေးကိုချီကာ

"တို့ဖူးလေး ကျောင်းမှာပျော်အောင်နေနော် လိမ္မာအောင်နေနော် တို့ဖူးလေး မွခ်ျ "

"ဟုတ်ကဲ့ပါ ဖေဖေ မွခ်ျ ... တို့ဖူးလေးကလိမ္မာပါတယ် ပျော်အောင်မှာပါ "

"ဟုတ်ပါပြီ ဖေဖေ့တို့ဖူးရယ် "

"ဖေဖေ..ဒယ်ဒီကိုလဲ အာဘွားပေးအုံးလေ"

"ဟုတ်ပါပြီဗျာ ချစ်ယောက်ျား မွခ်ျ"

"အဟား အချစ်လဲ မွခ်ျ တို့ဖူးလေးကိုလဲ မွခ်ျ"

"ခစ်ခစ် တို့ဖူးလေးလဲ ဒယ်ဒီ့ကို မွခ်ျ့ "

"ကယ်သွားကြတော့ တာ့တာ တို့ဖူးလေး တာ့တာ ယောက်ျား"

"တာ့တာ ဖေဖေ"

"ဘိုင် အချစ်လေး"

ဒီလိုနဲ့ အဲလက်စ်ရဲ့ကားလေးထွက်သွားလေသည်။

မကြာပါပေ အပ်ချည်မျှင်ရဲ့ ဖုန်းဝင်လာလေသည်။

"ဟယ်လို အပ်ချည်မျှင်ပြော"

"ဟာ့ ဘာကိုအပ်ချည်မျှင် ။ ထားပါတော့ ဘာထူးလဲ"

"ဟင့်အင်း ဘာမှမထူးဘူး ။ ဖြစ်နိုင်တာက ငါက System နဲ့ချိတ်တာမဟုတ်ဘဲ နင်လုပ်လိုက်လို့ပေါ်လာတဲ့ ဂိတ်ပေါက်ကြောင့် ဒီရောက်လာတာထင်တယ်"

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now