Episode -7

5.3K 524 34
                                    

Unicode

ဈာန်လဲ တို့ဖူးတုံးလက်ကိုဆွဲကိုင်လိုက်ကာ

"လာ ဖေဖေတို့ ရေသွားချိုးရအောင် တို့ဖူးလေး"

ဇာတ်လိုက်ကောင်မှလည့်ကြည့်လာကာ

"တို့ဖူးလေး ?"

ဈာန်မှ

"အင်းလေ တို့ဖူးတုံး သားလေးကို ချစ်စနိုးနဲ့ခေါ်တာ "

"အမ်း လိုက်သားပဲ ၊ ဒါဆို ဒယ်ဒီကော တို့ဖူးလေးတို့ ခေါ်လို့ရလား "
တို့ဖူးလေးကိုမေးလိုကိသည် ။

တို့ဖူးလေး စဉ်းစားဟန်ပြကာ

"ဟုတ် ဒယ်ဒီကို တို့ဖူးလေးလို့ ခေါ်ဖို့ ခွင့်ပြုတယ် "

"အဟား ဟား ခွင့်ပြုတယ်ဆိုပဲ ဟုတ်ပါပီ ခွင့်ပြုလို့ကျေးဇူးပါ ဒယ်ဒီ့တို့ဖူးလေးရေ "

"ဟုတ်ကဲ့ပါ ဒယ်ဒီ ... ဒါနဲ့ ဖေဖေ သားဗိုက်ဆာပြီ "

တို့ဖူးတုံး ဈာန့်ကိုလှည့်ပြောလိုက်သည် ။

ဈာန်တစ်ယောက် ဇာတ်လိုက်၏အခြေအနေကို လေ့လားနေရင်း တို့ဖူးတုံးမေးသည်ကို ဖြေလိုက်သည် ။

"ဟုတ်သား ဖေဖေ့တို့ဖူးလေး ဆာရောပေါ့ ဘာစားချင်တုန်း "

ချိုသာစွာမေးလိုက်၏ ။

တို့ဖူးလေးမှာ နှုတ်ခမ်းလေးကိုထော်ကာ စဉ်းစားဟန်ပြု၍ တစ်ခနအကြာတွင်

"ငါးချိုချဥ်ကြော် နဲ့ ကြက်သောက်စမ်း လေးစားချင်တယ် ဖေဖေ "

"ဟုတ်ပါပြီဗျာ ဖေဖေလုပ်ပေးမယ် "

"ဟင် ဖေဖေချက်ကျွေးမှာလားဟင် "

"ဒါပေါ့ ဖေဖေ့ကိုယုံဘူးလား"

ပီနိုကီယို နှုတ်ခေါင်းရှည်နေသလိုဝင့်ကြားဟန်ဖြင့်ပြောလိုက်သည် ။

"ဟုတ်ပါဘူး တို့ဖူးလေးက ယုံပါတယ် "

"အိုခေ တို့ဖူးယုံရင်ရပြီ ခင်ဗျားကော စားပြီးပြီလား "

"ကိုယ်မစားရသေးပါဘူး မင်းလက်ရာကို ကိုယ်မြည်းစမ်းကြည့်မယ်လေ ကိုယ်စားလို့ရမယ်ဟုတ်"

"ဒါပေါ့ မရစရာအကြောင်းမရှိ ကယ်ကယ် ဒါဆို သားအဖတွေ ရေသွားချိုးကြတော့ ငါပြီးရင် လာခဲ့မယ် "

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now