Episode-5

4.8K 508 19
                                    

Unicode

ဈာန် လဲ ခေါင်ယံလေးနဲ့အတူ Kiddo ဈေးဝယ်စင်တာသို့ ကားလေးကိုမောင်းနှင်ကာထွက်လာလိုက်သည် ။ ခေါင်ယံလေးမှာလည်း တစ်မြုံမြုံနဲ့ ဝယ်ထားပေးတဲ့ မုန့်တွေကို စားလိုက် စကားတွေပြောလိုက်နှင့် အတော်လေးပျော်ရွှင်နေပုံပင် ။ ထိုသို့ပျော်နေပုံကိုမြင်ရလေ အရင်ပိုင်ရှင်ကို စိတ်တိုမိသည် ။

မည်သည်ကြောင့် ဤမျှချစ်ဖို့ကောင်းသော ကလေးငယ်ကို တစ်ချက်မျှပင် လှည့်မကြည့်ရက်သည်ကို ။

မကြာမှီပင် Kiddo ဈေးဝယ်စင်တာကို ရောက်ရှိလာလေသည် ။
ခေါင်ယံလေးကို ခါးပတ်ဖြုတ်ပေးပြီး လက်ကလေးကိုကိုင်ကာ ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်လိုက်သည် ။

ဈာန်တစ်ယောက် ခေါင်ယံလေး၏ လက်ကိုကိုင်လိုက်ရာ နူးညံ့လှသည့် တို့ဖူးတုံးကြီးကိုကိုင်လိုက်ရသလိုပင် ။ နူးညံ့လှသည် ။

'အာာာ တို့ဖူးတုံးကြီးလိုပဲ ' လို့တွေးမိသည့်အထိပင် ။

‌ဈေးဝယ်စင်တာအတွင်းသို့ရောက်သည်နှင့် တို့ဖူးလေးကို ဘာလိုချင်သလဲဟုမေးလိုက်ရာ ခေါင်းလေးမှာလည်လာပြီး

"တို့ဖူးလေး သားကိုပြောတာလားဟင် " မျက်လုံးများမှာမူ ဘလင်းဘလင်းထနေလေသည် ။

'အားးး ဖေဖေရဲ့ နှလုံးသားကြီး ဗုံးကွဲနေပါပြီ တို့ဖူးတုံးရေ ' ‌ဈာန်ရင်ထဲ၌ အဏုမြူဗုံးကျဲခံနေရလေသည် ။

မိမိစိတ်ထဲ၌ မျောက်ထနေသမျှကို အမြန်ဖျေဖျောက်ကာ

"ဒါပေါ့ ဖေဖေရဲ့ တို့ဖူးတုံးကြီးက ခေါင်ယံ လေးပဲပေါ့ ၊ ခေါင်ယံလေးမဟုတ်လို့ ဘယ်သူရှိရမာတုန်း "

"အွန်းအွန်း သားက ဖေဖေ့ရဲ့ တို့ဖူးတုံးကြီးပါ ၊ ဖေဖေ့ရဲ့ တို့ဖူးတုံးက သားပဲဖြစ်ရမှာနော် "

"ဒါပေါ့ ၊ ခေါင်ယံလေးက ဖေဖေ့ရဲ့ တို့ဖူးတုံးကြီး ၊ ကယ်ကယ် သွားကြမယ် ၊ တို့ဖူးလေး ဘာလိုချင်လဲ ၊ ဖေဖေဝယ်ပေးမယ်"

"တို့ဖူးလေး လေ ရောင်စုံခဲတံ‌‌ လေး လိုချင်တယ် ၊ ရောင်စုံစက္ကူနဲ့ ပုံဆွဲစာအုပ်ကောပဲ "

"ဒါပေါ့ ဖေဖေဝယ်ပေးမှာပေါ့ ၊ လာသွားမယ် ၊ တစ်ခြားကော ဘာလိုချင်သေးလဲ "

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now