Episode - 9

4.4K 381 33
                                    

(Unicode)

မနက်(၇)နာရီတွင် ဈာန်ရတုတစ်ယောက်နိုးထလာခဲ့သည် ။ နိုးနိုးချင်း ဘေးမှအိပ်ပျော်နေသည့် ချစ်ယောကျာ်းကို တစိမ့်စိမ့် ကြည့်နေမိသည် ။

စိတ်ထဲမှလဲ

"အာ...ငါ့ယောကျာ်းက အရမ်းချောတာပဲ ‌အဟီး" လို့တွေးရင်း

လက်ချောင်းလေးများနှင့် နှာရိုးတစ်လျောက်ပွတ်ဆွဲမိသည် ။
ထိုသို့ပွတ်‌ဆွဲပြီးနောက် နှဖူးလေးကိုနမ်းလိုက်သည် ။ ထိုမှ တစ်ဆင့် နှုတ်ခမ်းလေးကိုနမ်းလိုက်ရင်း

"ပြွတ် .... ယောက်ျား ထတော့ ၊ နိုးနေတာသိတယ် "

ထိုမှ အဲလက်စ်ရဲ့ မျက်လုံးများ ဖွင့်လာကာ

"ဘယ်လိုသိတာလဲ ကိုယ်နိုးနေတယ်ဆိုတာ အချစ်ရဲ့" ဟုမေးလိုက်သည် ။

"ကျနော် နှဖူးကိုနမ်းတဲ့အချိန်ကတည်းက ယောက်ျားမျက်လုံးတွေက လှုပ်စိစိဖြစ်နေတာလေ ၊ ဟီး....သေချာလဲမပိတ်ဖူးဗျာ"

"ဟာဗျာ ပေါ်ကုန်ပါပြီ အချစ်ရေ" ဟုဆိုကာ ရတုကို မျက်နှာနားထိ အနှီးကပ်ဆွဲလိုက်ပြီး

"ကိုယ်ကအချစ်နမ်းတာခံချင်လို့ပါဗျာ" ဟုပြောလိုက်ရင်း

နှုတ်ခမ်းသားလေးကို စွဲစုပ်နမ်းလိုက်သည် ။ ထပ်ပြီး အနမ်းပြင်းပြင်းများပေးလိုက်သည်။ အချစ်အသက်ရှူကြပ်လာတဲ့အခါမှ ရပ်ပေးလိုက်သည်။

"အာ...ယောကျာ်း ခင်ဗျား ကျနော့်ကို အသက်ရှူရပ်အောင်လုပ်နေတာပဲ ၊ နှုတ်ခမ်းကိုလဲ ကြည့်ပါအုံးဗျာ ဖောင်းနေပြီ"
ဈာန်ရတု နှုတ်ခမ်းစူပြီးပြောလိုက်သည် ။

အဲလက်စ်မှ ထိုနှုတ်ခမ်းစူစူလေးများကို ခပ်ဖွဖွနမ်းလိုက်ရင်း

"အချစ်ရယ် အဲ့နှုတ်ခမ်းစူစူလေးကအရမ်းကိုလှပါတယ်ကွာ"

ထိုသို့ပြောရင်း နှစ်ဦးသား၏ ဖယ်ရိုမုန်းအနံ့များ ပြန့်လွင့်လာကာ ညီမျှစွာရောနှောရင်း ပျော်ရွှင်ဖွယ် ခံစားချက်များရရှိနေသည်။

နှစ်ဦးသားလဲ တင်းကြပ်အောင်ဖက်လိုက်ပြီး အချင်းချင်းရဲ့ အနံ့များ ကျန်ရစ်နေအောင်ပြုလုပ်နေသည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now