Episode - 2

6.1K 557 14
                                    

(Unicode)

ဈာန်ရတု ( ထက်ရှိန် ) တစ်ယောက် ဖုန်းထဲမှ အမည်မသိကောင်မလေးချိန်းထားသည့် LT Cafe ကို ထွက်လာရန် အဝတ်အစားကိုလဲလိုက်လေသည် ။

ခဲရောင်ဆွယ်တာကိုဝတ်လိုက်ပြီး အပေါ်မှ တစ်ဆင့် အညိုရောင်ဆွဲသား အကျီ အရှည်ကိုမှ အဖြူရောင် စတိုင်ပန်နှင့်တွဲဝတ်ကာ Loyal Classic Limited edition ဖြစ်သည့် Taken by Moon အမျိုးအစားနာရီ ကို ဝတ်ဆင်လိုက်ကာ Fresh ဖြစ်သည့် သစ်သားနဲ့ပါသည့် ရေမွေးအနည်းကို ဆွတ်ကာ အောက်သို့ဆင်းလိုက်လေသည် ။

အောက်သို့ဆင်းလိုက်သည်နှင့် မီးဖိုခန်းမှ ကြီးနု ထွက်လာကာ

" သခင်လေး ဘယ်သွားမလို့လဲ ၊ နေမကောင်းတာကို အိမ်မှာပဲနေပါ သခင်လေးရယ် " ဟု‌ဆိုလာလေသည် ။

ဈာန်ရတုမှ

"အရေးကြီးလို့ပါ ကြီးနုရဲ့ ၊ ‌မြန်မြန်ပြန်လာပါ့မယ် ၊ သိပ်မကြာဘူး ၊ ဒါနဲ့ သားလေး ရဲ့ကျောင်းက ဘယ်အချိန်ဆင်းမှာလဲ
ကြီးနု "

ဟုဆိုလိုက်ရာ ကြီးနုမှ အံ့ဩသည့်မျက်မှာလေးနှင့်ကြည့်လာလေသည် ။

ထိုအခါ ပြန်၍ ဈာန်ရတုမှ

"ကြီးနု...ဘာတွေငေးနေတာတုန်း ၊ ကျွန်တော့ကို ပြောအုံးလေဗျာ့ ၊ သားလေးရဲ့ ကျောင်းဆင်းချိန် ကိုပြောပြအုံးလို့ "

ဟုဆိုကာ ဈာန်ရတု၏ နှုတ်ခမ်းလေးမှာ ဆူလာလေသည် ။

ထိုအခြေအနေကို ကယ်ဆယ်သူမှာ အိမ်တော်ထိန်းဦးစိုင်း ပင် ။

"သခင်လေး ခင်ဗျ ၊ သခင်ငယ်လေးကျောင်းဆင်းချိန်က ၄ နာရီပါ ဗျာ့ ၊ အခုက ၃နာရီခွဲဆိုတော့ နာရီဝက်လိုပါသေးတယ်
ခင်ဗျာ့ "

ဟုဆိုလိုက်လေသည် ။

ဈာန်ရတုမှ အချိန်ကိုကြားလိုက်ရသော် ခေါင်းလေးကို တစ်ငြိမ့်ငြိမ့်လုပ်ကာ

"ဒါဆို ကျွန်တော်ပဲ ကြိုလာခဲ့တော့မယ်ဗျာ့ ၊ သားလေးကို လာမကြိုနဲ့တော့နော် ၊ ဒါဆို ကျွန်တော်သွားတော့မယ် "

ဟုပြောကာ UMB 40MK ကားလေးနဲ့ LT Cafe သို့ ထွက်ခွာသွားတော့လေသည် ။

သွားရင်းနှင့် စဉ်းစားမိသည်မှာ မိမိသည် အခုချိန်မှာတော့ မီးစင်ကြည့်ကရတော့မည် ၊ ပြီးတော့ သားလေးကို ပြုစုရန် စဉ်းစားမိသည်မှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ(ကျား) တို့ ချစ်ကြိုက်သွားသည်နှင့်အမျှ ထိုကလေး၏ တည်ရှိမှုမှာ မြူမှုန်ကဲ့သို့ ပျောက်ကွယ်သွားလေသည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now