Episode - 11

2.1K 245 9
                                    

Unicode

အဲလက်စ်၏ company တွင်

မိုးပြာနုရောင် ကားလေးတစ်စီးမှာ Company ဝင်းထဲသို့ဝင်ရောက်လာသည် ။

"ဟဲ့ အဲ့ကားလေးကလှလိုက်တာ"

"ဟုတ်ပါ့ အရောင်လေးက မျက်လုံးအေးတယ်"

"မိုက်လဲမိုက်တယ်ဟာ့"

"မိုက်လဲမိုက်လှလဲလှသလောက် ဈေးလဲအတော်ပေးရတယ်"

"ဟေ..."

"အေးဟုတ်တယ် အဲ့ကားက XXR brand ရဲ့ ဈေးအကြီးဆုံးကားလေ အဲ့အမျိုးအစားက တစ်ကမ္ဘာလုံးမှာမှ ၁၀စီးပဲရှိတာ ၊ ၉စီးလုံးက အဖြူအမဲပဲ ၊ ဒီတစ်စီးပဲ  မိုးပြာနုရောင် ။ ဒီအရောင်ကဈေးအကြီး‌ဆုံးပဲ"

"အဲ့လောက်တော့လား ။ အာ့ဆိုကားပေါ်ကလူက အကောင်ကြီးကြီးအမြီးရှည်ရှည်ပေါ့"

"အေးပေါ့ဟာ့"

"ဟဲ့ဟိုမှာထွက်လာပြီ"

"ဟယ် လှလိုက်တာ နတ်သားလေးအတိုင်းပဲ"

"နော် သူ့လောက်လှတဲ့သူမတွေ့ဖူးဘူး "

"နတ်သားတွေလိုမျိုးလှတာ"

"သူကိုင်ထားတဲ့ ထမင်းချိုင့်ကစ လှလိုက်တာ"

"အဲ့တာက ဟိုဟာကြီးမလား နာမည်ကြီးပဲလေ"

"ဟေ ဘယ်ဟာလဲ"

"PSU brand က ထမင်းချိုင့်လေ 
အဲ့တာထွက်တုန်းကအရမ်းနာမည်ကြီးသွားတာလေ"

"အာ ဟုတ်သား အဲ့တာကြီးကို"

ဈာန်ရတုမှာ မဆင်းခင်ထဲကအကြည့်ခံနေရကာ ဆင်းပြီးတော့လည်း အကြည့်ခံနေရဆံပင်။ ကားကိုရော လူကိုရော ထမင်းဘူးကိုပါအကြည့်ခံနေရသည်။

ကားပေါ်မဆင်းခင်ထဲက သူ့ယောက်ျားကိုစာပို့ထားသည်
။ သူဆင်းပြီလာဖြစ်၍ ကားအပြင်ကိုထွက်ကာစောင့်နေလေသည်။

"အဲ့ကောင်လေးကလူစောင့်နေသလိုပဲနော်"

"အေးဘယ်သူ့ကိုစောင့်နေတာလဲမသိဘူး ကြည့်ကြရအောင်"

မကြာပါ အချစ် ဆိုသည့်အသံကြီးနှင့် အမျိုးသားတစ်ဦးရောက်လာကာ ထိုကောင်လေးမှလဲ ယောက်ျားဟုခေါ်လိုက်သဖြင့် ထိုအမျိုးသားကိုကြည့်လိုက်လေရာ ဟာ့ ဒါသူတို့ CEO ကြီးမလား ။ ဘာတွေလန်း ။ ကျနော်တို့ လိုက်မမှီပါတွေဖြစ်နေသည်။ CEO ၏မျက်နှာမှာလဲ ပြုံးဖြီးလို့နေသည်။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now