Episode - 4

5.2K 541 16
                                    

(Unicode)

ကျနော့်ရဲ့ နေ့ရက်တွေက သာမာန်ပါပဲ ။ ကျနော့်ရဲ့ ဦးလေး အခုတော့ ဒယ်ဒီပေါ့ ၊ ဒယ်ဒီနဲ့ သူ့အမျိူသား ကျနော့်ရဲ့ ပါပါး ။

ပါပါးကတော့ ကျနော့်ကို သိပ်မကြိုက်ပုံပါပဲ ၊ ဒါပေမဲ့ ဘာမှတော့မလုပ်ပါဘူး ၊ ဥပေက္ခာ ပြုထားယုံပါပဲ ၊ ကျောင်းကသူတွေကလဲ ဒယ်ဒီကြောင့်သာလာပေါင်းနေတာ ၊ နောက်ကွယ်မှာ အတင်းပြောကြတာပဲ ၊ ဒီနေ့လဲ ပုံမှန်နေ့ပါပဲ ၊ ပါပါးလာမကြိုခင်ထိပေါ့ ။

----

ကျနော် အတန်းထဲက ထွက်လာလိုက်တယ် ၊ ဒါရိုက်ဘာပဲလာခေါ်မယ်ထင်ခဲ့တာ ဒါပေမဲ့ ပါပါး က ဒီရောက်နေတယ် ။

မျက်လုံးကို အကြိမ်ကြိမ်ပွတ်ရင်း ထပ်ခါခါ သေသေချာချာပြူးကြည့်မိတယ် ၊ ပါပါးမှ ပါပါးအစစ်ပဲ ၊ ဒါ ဘာတွေလဲ သူထင်တာက ပါပါးက သူ့ကိုမုန်းနေတယ်ထင်နေခဲ့တာ ၊ အခုတော့ လာကြိုတယ်တဲ့လား ။

"ခေါင်ယံလေး မျက်လုံးအရမ်းမပွတ်နဲ့ ပွန်းလိမ့်မယ် ၊ လာ ပါပါး ကိတ်မုန့်နဲ့ ချောကလက်မိတ်ရှိတ် ဝယ်ခဲ့တယ် ၊ ကားထဲမှာစားမလား ၊ ခုံမှာပဲစားမလားဟင် " လို့ ပါပါးက နူးညံ့စာမေးနေခဲ့တယ် ၊

ပါပါးပြောင်းလဲသွားတယ်လို့ မှတ်ယူလိုက်ပြီး

"ကားထဲမှာပဲ စားမယ်လေ ပါပါး ၊ သွားမယ် ၊ သားမှာပြောစရာများကြီးရှိတယ်ရော " ချစ်စရာပုံလေးနဲ့ ပြောလိုက်လေသည်။

"ဒါပေါ့ ဒါပေါ့ သားပြောသမျှ ပါပါးနားထောင်ပေးမယ်နော် ၊ လာသွားမယ် "

"ဟုတ်ဟုတ် လက်စဂိုး ပါပါး"

"ဟုတ်ပါပီ သားရယ် "

ဈာန်ရတု သက်သာရ ရသွားသည် ။ ကလေးငယ်သည် လိမ္မာသူမို့ပင် ။

ကားပေါ်ရောက်သည်နှင့် တိမ်ယံထွဋ်ခေါင် တို့ ညဏ်များလေပြီ ။
ပါပီမျက်လုံးလေးလုပ်ကာ ပါပါးကို စိုက်ကြည့်ရင်း

"ပါပါးက ဘာလို့ ဒီနေ့လာကြိုတာလဲဟင် ၊ ပါပါးက သားကိုမချစ်ဘူးမလားဟင် " သနားစရာမျက်လုံးအတိ ။

ဈာန် မှာ ပြာယာခတ်ကာ

"မဟုတ်တာ ခေါင်ယံ ရယ် ပေါက်ကရတွေကွာ ပါပါးက မချစ်တာ မဟုတ်ပါဘူး ၊ ရုတ်တရက် ကိုယ့်မှာ သားလေးတစ်ယောက်ရလာတော့ အံ့ဩသွားတာပါ ကလေးရယ် ၊ သားက တလွဲတွေးမိအောင် ပါပါး လုပ်မိတယ်ဆိုတော့ ၊ ပါပါးတောင်းပန်ပါတယ်နော် ၊ ခွင့်လွှတ်မယ်ဟုတ် " စကားများကို ခရားရေလွှတ်သကဲ့သို့ ပြောလိုက်လေသည် ။

ငါစာအုပ်ထဲရောက်သွားပြီး ယောက်ျားနဲ့ ကလေးရသွားခဲ့တယ် [ Unicode +Zawgyi ]Where stories live. Discover now