Part - 3

4.8K 305 1
                                    


( Zawgyi )

" ဒါနဲ့ဆို နှစ်ကြိမ်မြောက်ပဲ "

" ဟင် ဦးလေးကြီး "

" မင်းနဲ့နှစ်ကြိမ်မြောက် တွေ့ခဲ့တယ်
ပထမတစ်ကြိမ်လိုပဲ နမော်နမဲ့နဲ့ ငါ့ကို
စိတ်အနှောင့်အယှက်ဖြစ်အောင် ထပ်လုပ်တယ်
ဘာလဲ နမော်နမဲ့မဟုတ်ဘဲ တမင်တကာလုပ်နေတာလား "

" ဗျာ...ဦးလေးကြီး ပြောတာလွန်သွားပြီနော်
ကျွန်တော်လည်း အနောက်လှည့်လိုက်တာ
ဦးလေးကြီးကကျွန်တော့်အနောက်မှာရှိနေတာလေ
ကျွန်တော်နမော်နမဲ့နိုင်မှန်းသိရင် ဦးလေးကြီးက
ကျွန်တော့်ကိုမြင်ရင် ရှောင်လိုက်ပေါ့
အခုလိုဖြစ်တာဦးလေးကြီးအမှားလည်းပါတယ် "

" ဘာ မင်းက ငါ့အမှားလို့ပြောလိုက်တာလား "

" ဟုတ်တယ်လေ ဦးလေးကြီး ကုတ်အင်္ကျီပေသလို
ကျွန်တော့်​ဖျော်ရည်လည်း ကုန်သွားပြီ
ကျေပြီထင်တယ်နော် ခွင့်ပြုပါဦး "

" ဟေ့...ဟေ့ မင်းရဲ့ဖျော်ရည်က အခုပြန်ဝယ်လို့ရတယ်
ငါ့အင်္ကျီကအခုပြန်ဝယ်လို့မရဘူး "

" ကျွန်တော်ပြန်ဝယ်ပေးရမှာလား ဦးလေးကြီး "

" တော်တော့ ထားလိုက်တော့ ကျောင်းသားလေး
တစ်ယောက်ကို အခုလိုကြီးရက်စက်ရအောင်
ငါလူကြီးလူကောင်းတစ်ယောက် "

" ဟုတ်ကဲ့ကောင်းပါပြီ သွားလိုက်ပါဦးမယ်နော် "

" တစ်ခုတော့ပြောလိုက်မယ် ငါ့နေရာမှာ
အခြားသူသာဆို မင်းဒီလိုသွားရမှာမဟုတ်ဘူး "

" သေချာတာပေါ့ အခုလောက်ထိကြာမနေဘူး
သွားရတာကြာလို့ဖြင့်ကျွန်တော်အိမ်ရောက်နေပြီ
သွားပြီနော် ဦးလေးကြီး ဒါပဲမလား လူကြီးလူကောင်းကြီးကအားပေမယ့် ကျောင်းတက်နေဆဲကျွန်တော်ကမအားဘူး "

" မင်း မင်း... "

ဘယ်လောက်တောင် ပြေးရိုက်ချင်ဖို့
ကောင်းလိုက်သလဲဆိုတာ လက်ပြကာနှုတ်ဆက်သွားသေး

ရင်ဘတ်ကြီးဘယ်ဘက်ခြမ်းထဲကကောင်လေးရေ
ငြိမ်ငြိမ်နေဟ မင်းကအရမ်းခုန်နေတော့
ငါကဦးလေးကြီးကိုပြန်ပြောရတာမရဲတရဲနဲ့ကွ
သေချာတာ ဦးလေးကြီးဒေါသထွက်ပြီးကျန်နေခဲ့မှာ
ငါကလည်းငါပဲသူနဲ့တွေ့တိုင်း တစ်ခုခုလွဲလိုက်ရမှ

REGARDLESS  / kookv / [ Completed ] Where stories live. Discover now