Part - 13

3.7K 244 3
                                    


(Zawgyi)

အချိန်အားဖြင့် ညနေ 6 နာရီခန့်
ပွဲတက်ရန်အတွက်အကုန်ပြင်ဆင်ပြီး၍
ဧည့်ခန်း၌ထိုင်ကာကလေးပေါက်စအားစောင့်နေသည်

အချိန်အတန်ကြာမှ ထိုကလေးပေါက်စက
အညိုရောင် suit လေးဝတ်ကာ လှေကားပေါ်မှ
ကျော့ကျော့မော့မော့ဆင်းလာခဲ့သည် ပြန်ကြည့်မိမှ
သူကအညိုရောင် ကိုယ်ကအမဲရောင်ဖြင့်
ဘယ်လိုတောင်ကွာခြားနေလိုက်တဲ့အရောင်မျိုးလဲ
ကွာခြားနေတာမျိုးကလည်းလိုက်ဖက်နေတတ်တာပဲလေ

" ဦးလေးကြီး ကျွန်တော်ပြီးပြီ "

" ပြီးပေလို့သာပဲ ပွဲပြီးမှရောက်မလားလို့ပါ "

" ဦးလေးကြီးနော် အမြဲတဗျစ်တောက်တောက်နဲ့
ပွဲတက်ပါတယ်ဆို နည်းနည်းပါးပါးတော့
ကြည့်ကောင်းအောင်ပြင်ဆင်ရဦးမှာပေါ့ "

" ကြည့်ကောင်းအောင် အခုလည်းကလေးပေါက်စ
ပုံစံက ခါတိုင်းလိုပါပဲမထူးခြားပါဘူး "

တကယ်တော့ တအားကြည့်ကောင်းလွန်းတာပေါ့
ကျွန်တော့်ကလေးပေါက်စက suit ဝတ်ထားတော့
လူကြီးဖြစ်ချင်ယောင်ဆောင်ထားတဲ့ ကလေးလေးလို
ဖြစ်နေရော မြင်ဖူးသမျှထဲအကြည့်ကောင်းဆုံးပဲပေါ့

" တော်ပါပြီ မေးလည်း အကောင်းပြောမှာမဟုတ်ဘူး
လိုရင်းပဲသွားကြတာတော့ ဦးလေးကြီး "

" နေဦး ဟိုရောက်ရင် သတင်းထောက်တွေ
မီဒီယာတွေရှိရင်ရှိနိုင်တယ် သူတို့မေးသမျှ
က​လေး​ပေါက်စမ​ဖြေနဲ့ ကိုယ်ပဲ​ဖြေရှင်းလိုက်မယ် "

" ဟင် သတင်းထောက်တွေရှိတယ် "

" အင်းလေ ရှိတယ်လေ ကလေးပေါက်စရဲ
နာမည်ကြီးcompanyတစ်ခုရဲ့ပွဲပါဆို
သတင်းယူချင်ကြတဲ့သူတွေဒုနဲ့ဒေးပဲပေါ့
ဘာဖြစ်လို့လဲ ကလေးပေါက်စကကြောက်လို့လား
မကြောက်နဲ့ ကိုယ်ရှိတယ် "

" ဟူး ခဏပဲမလား ဦးလေးကြီး "

" အင်း တစ်နာရီလောက်ပဲပေါ့ "

.
.
.

ပွဲကျင်းပသည့်နေရာမတိုင်မီကို သတင်းထောက်တွေ
မီဒီယာတွေအပြည့် oh god! ကိုယ်ပဲတစ်ခါမှ
မတွေ့ဖူးတာလား ပွဲလေးတစ်ခုကို အဲ့လောက်တောင်
ဘာလို့ သတင်းစာတိုက်တွေကစိတ်ဝင်စားနေတာလဲ

REGARDLESS  / kookv / [ Completed ] حيث تعيش القصص. اكتشف الآن