Part - 20

2.9K 189 10
                                    


( Zawgyi )

" အိမ်တော်ထိန်းကြီး ကျွန်တော်သွားဦးမယ် "

အိမ်တော်ထိန်း - အကိုလေးရော
မနိုးသေးဘူးထင်တယ်

" ကလေးပေါက်စ မနေ့ကဘာမှားစားမိလဲ
မသိဘူး ညကအန်နေတာ မိုးလင်းခါနီးမှ
အိပ်ပျော်သွားတာ အဖျားလည်းနည်းနည်း
ဝင်ချင်နေတယ် တစ်ခုခုဆိုကျွန်တော့်ကို
ဖုန်းဆက်လိုက်နော် နောက် ကုတင်ဘေးနား
စားပွဲမှာလည်း ဆေးထားခဲ့တယ် နိုးလာရင်
အစာတစ်ခုခုကျွေးပြီးတိုက်ပေးပါဦး "

အိမ်တော်ထိန်း - ဟုတ်ကဲ့ စိတ်ချပါ ဥက္ကဋ္ဌ

နိုးနေ၍ ပေတေကာဆက်အိပ်နေသော်လည်း
ပြတင်းပေါက်မှတစ်ဆင့်ကျရောက်လာသည့်
နေရောင်ခြည်ကတော့ ဆက်အိပ်ခွင့်မပြု
စ်တ်မရှည်စွာဖြင့်ထထိုင်လိုက်တော့ ညက
အစာမကြေဖြစ်ပြီးထိုးအန်ထားသည့်အရှိန်က
မသေသေး ဗိုက်ထဲလည်းဘာအစာမှမရှိ
ထိုအကျိုးဆက်ကြောင့်ခေါင်းတွေလည်း
မူးနောက်ပြီး နုံးချိလို့နေ၏။ ကုတင်ဘေးနား
ကြည့်လိုက်တော့ တွေ့လိုက်ရသောဆေးများ
ဦးလေးကြီးထားသွားပေးတာနေမည်

ခန္ဓာကိုယ်လန်းဆန်းသွားအောင် မျက်နှာသစ်
ရေချိုးကာ အောက်ထပ်သို့ဆင်းသွားလိုက်သည်

အိမ်တော်ထိန်း - အကိုလေး နိုးလာပြီလား
သက်သာရဲ့လား မနေ့ညကတစ်ညလုံး
အန်တယ်ဆို ဘာတွေမှာစားမိထားလို့လဲ

" မသိပါဘူး စားနေကျပဲစားတာကို
အခကမသင့်လို့နေပါလိမ့်မယ် ဒါနဲ့
ဦးလေးကြီးရောသွားပြီလား "

အိမ်တော်ထိန်း - ဥက္ကဋ္ဌ ကသွားပြီ
အကိုလေးနိုးလာရင် တစ်ခုခုကျွေးပြီး
ဆေးတိုက်ဖို့လည်းမှာသွားတယ်

" သြော် အင်း "

မေမေ ဆုံးသွားပြီးတည်းကဂရုစိုက်မှုတွေ
ပြန်ရခဲ့တာ ယခုပထမဆုံးပင် ဘာရယ်မှန်း
မသိ ပျော်သော်လည်း ဝမ်းနည်းနေမိ၏

အိမ်တော်ထိန်းကြီးပြင်ပေးသော မနက်စာ
စားပြီး ဆေးသောက်လိုက်တော့ ရင်ထဲ၌
နေလို့မကောင်းသည်မှာ သက်သာသယောင်

ထိုအခု Jimin စီမှ ဖုန်းဝင်လာ၏

" အေးပြော Jimin "

REGARDLESS  / kookv / [ Completed ] Where stories live. Discover now