Part - 11

3.4K 259 0
                                    


(Zawgyi)

" ဦးလေးကြီးအခုပြန်လာခဲ့မယ် ကားပေါ်မှာမနေဘဲ
အိမ်ထဲဝင်ပြီးစောင့်နေပါလား "

" အင်း ရတယ် ခဏလေးပဲမလား
ကားပေါ်ကပဲစောင့်နေလိုက်မယ်လေ "

ဦးလေးကြီးအား ခဏစောင့်ဟုဆိုကာ
အိမ်ထဲကိုပြေးဝင်ခဲ့သည်

မစ္စဂျန် - သခင်လေး အလောတကြီးနဲ့
ဘာများဖြစ်လာတာလဲ

" ဘာမှမဟုတ်ပါဘူး ပစ္စည်းတစ်ခုကျန်ခဲ့လို့ "

မစ္စဂျန် - အဲ့တာများ ဖြေးဖြေးသွားပါသခင်လေးရယ်

မစ္စဂျန်ပြောစကားအား တစ်ချက်ပြုံးပြီပြီးခေါင်းငြိမ့်ပြခဲ့သည်
အခန်းထဲရောက်တော့ နဂိုထားနေကျစင်​လေး​ပေါ်တွင်
iron man အရုပ်လေးအားရှာကြည့်လေသည်
သို့သော်လည်း မည့်သည့်နေရာမှာမှမတွေ့ခဲ့

" မစ္စဂျန် မစ္စဂျန်! "

မစ္စဂျန် - ဘာများဖြစ်လို့ပါလဲ သခင်လေး "

" ကျွန်တော့်အခန်းထဲကပစ္စည်းတစ်ခုပျောက်နေတယ်
တစ်ယောက်ယောက်ဝင်ထားသေးတာလား "

မစ္စဂျန် - ဟို ဟို...အဲ့တာ

" ပြောစရာရှိတာပြောပါ မစ္စဂျန်
ဘာလဲ Dohoon ဝင်ထားတာလား "

မစ္စဂျန် - သခင်လေးထင်သလိုပါပဲ

" ကျစ်... Dohoon! Dohoon
Kim Dohoon "

တစ်အိမ်လုံးကြားလောက်သည့်အသံဖြင့်
အော်ခေါ်သော်လည်း လက်တောက်လောက်အရွယ်
ကလေးကိုတော့အရိပ်မျှပင်မတွေ့ရ

" hoon ကို ဘာလို့ရှာနေတာလဲ သား "

" သြော် ခင်ဗျားကိုး အတော်ပါပဲ တရားခံကို
မတွေ့တော့ တရားခံရဲ့အုပ်ထိန်းသူကိုပဲပြောရုံပေါ့ "

" သား Taehyung ရယ် စကားတွေက
ခက်ထန်ကြမ်းတမ်းရချည်လား "

" ဘာတွေများကောင်းနေခဲ့လို့ ကျွန်တော့်စီက
နူးညံ့ပြီးချိုသာလွန်းတဲ့စကားတွေကိုကြားချင်ရတာလဲ
ထားပါ အခုခင်ဗျားသား ကျွန်တော့်အခန်းထဲ
ဝင်ပြန်ပြီ ကျွန်တော့်အခန်းထဲကပစ္စည်းတစ်ခုလည်း
ပျောက်နေပြန်ပြီ အဲ့တာခင်ဗျားသားလက်ချက်မလား "

REGARDLESS  / kookv / [ Completed ] Where stories live. Discover now