Part - 7

3.6K 259 4
                                    


(Zawgyi)

ရက်ပေါင်းများစွာထဲက တစ်ရက်
ဤနေ့သည် ထိုလူကြီးနဲ့ကျွန်တော်လက်ထပ်သည့်နေ့

လက်မှတ်ထိုးတော့လည်း အရယ်အပြုံးမရှိ
ခံစားချက်များမရှိတာလား မခံစားတတ်တာများလား
လက်ထပ်စာချုပ်ပေါ်တွေ့မြင်ရသည့် သူ့လက်မှတ်
ဒီလောက်ဆို ဦးလေးကြီးကကျွန်တော့်အပိုင်အဖြစ်
သတ်မှတ်ထားလိုက်လို့ရလောက်ပြီမလား

စိမ်းစို၍အုပ်စိုင်းနေသော သစ်ပင်ကြီးများအလယ်တွင်
ရှိသည့် ဘုရားကျောင်းတစ်ခု ထိုဘုရားကျောင်း၌
ဦး​လေးကြီးနဲ့ကျွန်တော် လက်ထပ်ပွဲပြုလုပ်မည်
စိတ်ထဲမှတော့ ချီးကျူးမိလိုက်သည်
ဒီလိုနေရာမျိုးကို ဦးလေးကြီးဘယ်လိုများရှာတွေ့ထားတာလဲ

အဝတ်အစားလဲရန်အခန်းထဲသို့ပင်ဝင်လိုက်လျှင်
အသင့်​ပြင်ပေးထားသည့် အဖြူရောင်ဝတ်စုံအပြည့်
ဝတ်စုံမှစလို့ အခမ်းအနားအပြင်အဆင်အထိတစ်ခုမှ
ကြိုမသိခဲ့ရသော်လည်း ပြည့်စုံတာထက်တော့ပိုလွန်းတာပါပဲ

နှစ်ဖက်မိဘတွေအပါအဝင် Jimin မိသားစုနှင့်
Yoongi မိသားစုသာပါဝင်သည့် လက်ထပ်ပွဲလေးတစ်ခု
ထိုလူနည်းစုသာပါဝင်သည့် လက်ထပ်ပွဲတွင်
လွန်ခဲ့သည့်ဆယ်နှစ်တည်းကထွက်သွားခဲ့ပြီဖြစ်တဲ့
မေမေ့ကိုလည်းရှိနေစေချင်ပါသေးသည်

မကြာမီပင် လက်ထပ်ပွဲစတင်ခဲ့သည်
ဘယ်ဘက်လက်သန်းကြွယ်၌ ဦးလေးကြီးက
လက်စွပ်ဝတ်ပေးသည်။ လက်စွပ်လေးကလည်းကွက်တိပင်
ကျွန်တော်လည်း ဦးလေးကြီးအား လက်စွပ်ဝတ်ပေးခဲ့သည်။ ပထမဆုံးထိုဦးလေးကြီးလက်အား ထိတွေ့ခဲ့မိဖူးခြင်းဖြစ်၏
ဘယ်ဘက်လက်သန်းကြွယ်မှာလက်စွပ်ဝတ်ပေးရခြင်းက
ချစ်ခြင်းတစ်စုံကိုနှလုံးသွေးတွေနဲ့သက်ဆုံးတိုင်ထိ
ချည်နှောင်ထားနိုင်စေဖို့တဲ့ အဓိပ္ပါယ်​လေးကလှလိုက်တာ ။

ကတိသစ္စာတွေလည်းပြုခဲ့ကြသည် ထိုကတိသစ္စာတွေ
မြဲစေဖို့လည်းဘုရားသခင်ထံဆုတောင်းခဲ့မိသည်

သတို့သားနှစ်ယောက် အကြင်နာပေးလို့ရပါပြီ ဟူသော
စကားသံသည် နားထဲ၌ပဲ့တင်ထပ်နေလေသည်
ထိုအချိန် နှုတ်ခမ်းပေါ်သို့ဦးစွာကျရောက်လာသော
ဦးလေးကြီး၏အနမ်း ထိရုံမျှသာထိသည့် မသေသပ်သော
အနမ်းပင် သို့သော်လည်း အလှပဆုံးဖြစ်နေခဲ့သည်
ကျွန်တော်ရဲ့ပထမဆုံးအနမ်းကိုလည်း ဦးလေးကြီးသာ
အပိုင်သိမ်းသွားခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်

REGARDLESS  / kookv / [ Completed ] Onde histórias criam vida. Descubra agora