Part - 28

2.1K 146 2
                                    

( Zawgyi )

ဈာပနအခမ်းအနားနေ့ လူအတော်များ၍နေသည်
ဝန်ကြီးချုပ်တစ်ယောက်ရဲ့ဈာပနပင်မဟုတ်ပါလား
ဤလောက်များနေသည်မှာ အဆန်းမဟုတ်

လာသမျှလူတိုင်းကိုပင် ဂါရဝပြု၍နှုတ်ဆက်ရသည်
ထိုထဲမှသူတချို့သည် ဝန်ကြီးချုပ်၏ သားအကြီးကို
မမြင်ဖူးကြ ယခုမှမြင်ဖူး၍ထူးဆန်းနေကြပြန်သည်

ဦးလေးကြီး နဲ့ အတူ Jimin နဲ့ Yoongi
တို့လည်း အနားမှာနေပေးကြသည်

နောက်ဆုံး အရိုးပြာအိုးကိုနေရာချပေးခဲ့သည်
မေမေ့ဘေးနား၌ထားပေးခဲ့သည် ယခုချိန်
တမလွန်မှာ မေမေရော ဖေဖေနဲ့တွေ့နေခဲ့ပြီး
သူ့အပြစ်တွေအတွက်များ ဆူနေဦးမလား

" ကောင်းကောင်းအနားယူကြပါ ဖေဖေနဲ့မေမေ "

" သူတို့ကောင်းကောင်းအနားယူနေကြမှာပါ
အကောင်းဆုံးဖြတ်သန်းပြီးပြီပဲ နောင်တရ
စရာတွေမှမရှိတော့တာ သူတို့အေးချမ်းမှာပါ "

" အင်း တကယ်တော့ဒီလောက်မြန်မြန်ကြီး
ကျွန်တော့်ဘေးနားကထွက်သွားကြမယ်မထင်ဘူး
မေမေ မရှိတော့တောင် ဖေဖေတော့ငါ့အနားမှာ
အကြာကြီးရှိမယ်ထင်နေခဲ့တာ အခုတော့လည်း
ကံကြမ္မာဖြစ်ချိန်တန်တော့လည်း ဖြစ်သွားရတာပဲ "

" ပြန်ကြရအောင် မင်းအရမ်းပင်ပန်းနေပြီ
ဒီအတိုင်းနေရင် လဲတော့မယ်ကလေးပေါက်စ "

" မအိပ်ချင်ပါဘူး ဦးလေးကြီးရယ်
ကျွန်တော်မှ အိပ်မပျော်တာ "

" ဒီလိုဆို မင်းပါဒုက္ခရောက်လိမ့်မယ်
ရက်ပိုင်းရှိရင် မစားလည်းမစား
မအိပ်လည်းမအိပ်နဲ့ မင်းတစ်ခုခုဖြစ်ရင်
ကိုယ်ရူးသွားမှာ မြင်ချင်နေတာလား "

" ရူးလို့ဖြစ်ပါ့မလား ကျွန်တော့်ယောကျာ်းက "

" အဲ့တာဆို ကိုယ့်ပြောစကားနားထောင်ပါနော်
ပြန်ပြီး ခဏပဲ ခဏလေးပဲ အိပ်ရအောင် "

" ပြန်ကြတာပေါ့ ဦးလေးကြီး
မေမေ နဲ့ ဖေဖေ သားသွားပြီနော်
စိတ်ချပါ သားဘေးနားဦးလေးကြီးရှိတယ်
မေမေတော့ဘယ်သိမလဲ မေမေ့ယောကျာ်းက
သားကိုဒီဦးလေးကြီးနဲ့လက်ထပ်ပေးထားတာ
ချောတယ်မဟုတ်လား မေမေ့သမက်လေးက
နောက်မှမကြာခဏ ထပ်လာခဲ့မယ်နော် "

REGARDLESS  / kookv / [ Completed ] Waar verhalen tot leven komen. Ontdek het nu