Part - 27

2.3K 156 5
                                    

( Zawgyi )

မနက်ဝေလီဝေလင်းတွင် မြည်လာသော
ဖုန်းသံကြောင့် အိပ်ရာမှအမြန်ထရင်း
ကိုင်လိုက်တော့ မစ္စဂျန်စီကပင်

" အင်း မစ္စဂျန် ဘာကိစ္စ "

မစ္စဂျန် - သခင်လေး ဝန်ကြီးချုပ်

" ကျွန်တော့်ကိုခေါ်လို့လား မနက်ကျလာခဲ့မယ် "

မစ္စဂျန် - ဝန်ကြီးချုပ်ဆုံးသွားပါပြီ

" ဝေလီဝေလင်း ဘာတွေပြောနေတာလဲ
မနောက်နဲ့နော် ဖေဖေ့ကိုပြောလိုက်
မနက်ကျကျွန်တော်လာခဲ့မယ် ဒီလိုအမိန့်တွေနဲ့
လူကိုလာမခေါ်ခိုင်းနဲ့ မကြိုက်ဘူးလို့ "

မစ္စဂျန် - ဝန်ကြီးချုပ် နှလုံးရှော့ခ်ဖြစ်ပြီး
ဆုံးသွားတာပါ သခင်လေး

" မဖြစ်နိုင်တာ ကျွန်တော်ကိုယ်တိုင်လာပြီး
အတည်ပြုမယ် "

အိပ်ရာပေါ်မှထ၍ ကားသော့ယူပြီးထွက်မည်အလုပ်

" ဘယ်သွားမလို့လဲ ကလေးပေါက်စ "

" ဖေဖေ ဖေဖေဆုံးပြီတဲ့ မဟုတ်တာတွေ
ပြောနေကြလို့ ကျွန်တော်ကိုယ်တိုင်သွားပြီး
အတည်ပြုမလို့ ဦးလေးကြီး "

မယုံကြည်ပေမယ့်လည်း ကြားလိုက်ရသော
စကားကြောင့် တစ်ကိုယ်လုံးတုန်လှုပ်နေမိသည်

" နေဦး ကိုယ်ပါလိုက်မယ် အခုပုံနဲ့
ကားမောင်းလို့ရမယ်ထင်လား
မင်းပါတစ်ခုခုဖြစ်သွားလိမ့်မယ် "

ခြံထဲမှာပင် ရပ်ထားကြသည့်
ဆေးရုံကားနှင့်ရဲကားများ

ထိုတည်းကပင် သေချာသွားမှန်းသိလိုက်သည်
သို့ပေမယ့်လည်း ကိုယ်တိုင်အတည်ပြုမှဖြစ်မည်
အိမ်ထဲသို့ပြေးဝင်ကာ ဖေဖေ့အခန်းစီဝင်လိုက်သည်
ကုတင်ပေါ်ရှိ ဖေဖေကတော့မလှုပ်မယှက်ဖြင့်
ဘေးနားတွင် ဟိုမိန်းမကရပ်နေသည်

အနားတိုးသွားကာ ဖေဖေ့လက်အားကိုင်ကြည့်တော့
အနည်းငယ်အေးစက်လို့နေပေသည်

" ဘာလို့ဒီလိုထားထားကြတာလဲ
ဖေဖေအေးနေမယ်လေ "

ထိုမိန်းမမှ အနားတိုးလာကာ

Miyeon - သားအဖေ မရှိတော့ဘူး

" ခင်ဗျား မဖြစ်နိုင်တာတွေ မပြောနဲ့
ဘာကိစ္စမရှိရမှာလဲ ဟိုတလောကထိတောင်
အကောင်းကြီး ဖေဖေဘယ်လောက်စိတ်မာလိုက်လဲ
ဘာကြောင့်မို့ ရှော့ခ်ဖြစ်ရမှာလဲ "

REGARDLESS  / kookv / [ Completed ] Donde viven las historias. Descúbrelo ahora