Park - 10

3.8K 252 0
                                    


(Zawgyi)

ထမင်းစားခန်းတွင်တော့ ညစာစားရန်
Taehyung အား Jungkook စောင့်နေခဲ့သည်
သို့သော်လည်း ထိုကလေးပေါက်စမှာတော့
ယခုထိဆင်းမလာခဲ့သေး

" အိမ်တော်ထိန်းကြီး ဟိုကလေးပေါက်စကို
ညစာစားဖို့ သွားခေါ်လိုက်ပါ "

အိမ်တော်ထိန်း - ဟုတ်ကဲ့ ဥက္ကဌ

ထို့နောက် အိမ်တော်ထိန်းမှာတော့
အပေါ်ထက်ကTaehyung ရှိရာဦးတည်သွားခဲ့ရသည်

လူကိုဟိုဟာလုပ် ဒီဟာလုပ်နဲ့ အားနေရင်
တဗျစ်တောက်တောက်ပြောနေသည့်
ဦးလေးကြီးကိုအရွဲ့တိုက်ပြီး အဝတ်အစားမလွဲ
ရေမိုးမချိုးဘဲနေချင်သော်လည်း ကျောင်းက
ပြန်လာတိုင်း ရေမချိုးလျှင် ယားယံလာတတ်သည့်
အကျင့်ကြောင့် စိတ်လျော့ကာရေချိုးခန်းဝင်ခဲ့သည်

ရေမိုးချိုးပြီး အဝတ်အစားလဲနေတုန်းရှိသေး
အပြင်မှတံခါးခေါက်သံကြားရသောကြောင့်
အလျင်အမြန်ဝတ်ကာ တံခါးပြေးဖွင့်ရသည်

" သြော် အိမ်တော်ထိန်းကြီး ဘာကိစ္စများလဲ "

အိမ်တော်ထိန်း - ညစာစားဖို့ပြင်ထားပြီပါပြီအကိုလေး

" အင်း လာခဲ့မယ်လေ အိမ်တော်ထိန်းကြီး "

ထမင်းစားဖို့ရာ အောက်သို့ဆင်းသွားတော့
ဦးလေးကြီးအားတွေ့လိုက်ရသည် ပြန်လှည့်လျှင်
ကောင်းမလားဟုတွေးမိသော်လည်း တစ်အိမ်တည်းနေပြီး
ထမင်းတော့တူတူစားသင့်တယ်မဟုတ်ပါလား

အိမ်တော်ထိန်း - အကိုလေး Taehyung
လာပါပြီ ဥက္ကဌ

အိမ်တော်ထိန်းအသံကြောင့် လှည့်ကြည့်မိလိုက်တော့
ဘောင်းဘီအတိုလေးနဲ့ T-shirt လေးတွဲဝတ်ထားကာ
ဆံပင်လေးတွေကလည်းရေချိုးပြီးခါစမို့ ဖွာထွက်နေသေး
ထုံးစံအတိုင်းပင် ကလေးပေါက်စရဲ့ကိုယ်သင်းနံ့လေး
ဖြစ်တဲ့ ကလေးနို့နံ့သင်းသင်းလေးကလည်းရနေပေသည်

" ဘာပဲလုပ်လုပ် ကလေးပေါက်စကို
အမြဲစောင့်နေရတော့တာပဲ "

" ဦးလေးကြီးကိုလည်း ကျွန်တော်တစ်ခုမှ
မစောင့်ခိုင်းပါဘူး ဦးလေးကြီးဘာသာစောင့်နေတာ "

REGARDLESS  / kookv / [ Completed ] Where stories live. Discover now