Part - 9

3.6K 261 2
                                    


(Zawgyi)

" အားးး "

canteen ၌ မုန့်စားနေရင်းမှ
ထွက်ပေါ်လာသော Taehyung အသံ

" လန့်လိုက်တာ Taehyung ရယ်
ဘာထဖြစ်တာတုန်း "

" အေးလေ ဘယ်လိုဖြစ်တာတုန်းကွာ
Yoongi ပြောသလိုပဲဘာထဖြစ်တာတုန်း
ကဲ ပြော ငါ့အချစ်လေးကိုဘယ်သူက
စိတ်ညစ်အောင်လုပ်တာလဲ "

" ဘယ်သူရှိရမလဲ ဟိုလူ့ဂွစာကြီးလေ "

" မင်း ဦးလေးကြီးလား ဟမ်
မနေ့ကမှမင်္ဂလာဆောင်တာကို ဘာဖြစ်ကြတာလဲ "

" သူကပဲ ငါ့အဖေလိုလို အေသးစိတ္ကအစ
လိုက်ပြောနေတယ် အသက်ကြီးတဲ့သူတွေများ
တကယ်ပြောရဆိုရလက်ပေါက်ကပ်လွန်းတယ် "

" မင်းကမပြောတော့ငါတို့ကသိပါ့မလား
ဘာဖြစ်လာကြတာလဲ "

" မင်းတို့စဉ်းစားကြည့်ကွာ ကျောင်းသွားဖို့
မနက်ငါအောက်ထပ်ကိုဆင်းလာတယ်
သူ့ဘာသာအလုပ်သွားစရာရှိတာသွားပါလား
မသိရင်ဘဲငါကစောင့်ခိုင်းနေသလို ထိုင်စောင့်နေတယ်လေ
ပြီးတော့လည်း သူနဲ့အတူသွားရမယ်တဲ့
ကျောင်းသွားလည်းသူနဲ့ပဲသွားရမယ် ကျောင်းပြန်လည်း
သူမလာမကြိုမချင်းမပြန်ရဘူးတဲ့ ပြီးတော့ကွာ... "

" ကဲ လုပ်ပြန်ပြီတန်းလန်းကြီးမထားနဲ့လေ
Taehyung ရယ်အဆုံးထိပြောလေ "

" ငါကသူနဲ့မလိုက်ဘူးဘာညာပြောတော့
ငါ့ကိုပွေ့ချီပြီးကားပေါ်ခေါ်လာတယ်လေ
နောက်ပြောသေးတယ် သူကငါ့ရဲ့ အုပ်ထိန်းသူတဲ့
အခုလည်းညနေပြန်ရင်သူပဲလာကြိုမယ်တဲ့ "

" အဲ့တာဘာစိတ်ညစ်စရာပါလို့တဲ့ Taehyung ရဲ့ "

" မသိဘူး ချုပ်ချယ်နေသလိုပဲ "

" ဘယ္ကသာ ချုပ်ချယ်တယ်လို့တွေးနေရတာလဲ
ငါ့သူငယ်ချင်းတစ်ယောက်တော့ သေချာပါတယ်
ဦးလေးကြီးစီကနေကြာလေသည်းသည်းလှုပ်
ချစ်တာခံရတော့မယ်ထင်တယ် "

" ဘယ်နားကသည်းသည်းလှုပ်ချစ်ရမှာလဲ
စိတ်ကူးယဉ်တောင်မဖြစ်လာတဲ့ကိစ္စ
သူစိတ်ထဲမှာငါနဲ့လက်ထပ်ထားတာ
ချစ်လို့မဟုတ်ဘူး ပက်သက်မှုကလည်း
လက်ထပ်စာချုပ်ပေါ်ကလက်မှတ်တစ်ခုအနေနဲ့ပဲ "

REGARDLESS  / kookv / [ Completed ] Où les histoires vivent. Découvrez maintenant