Part -19

2.8K 189 2
                                    


(Zawgyi)

ဒီနေ့တော့ company ကိုရှယ်ယာရှင်
အစည်းအဝေးရှိတာကြောင့် စောထွက်လာသည်
ကလေးပေါက်စကတော့အခုထိမနိုးသေး
အိမ်တော်ထိန်းကြီးအား သေချာဂရုစိုက်ပေးဖို့
မှာခဲ့ရင်းပဲ မြန်မြန်ထွက်လာခဲ့လိုက်သည်

ရှယ်ယာရှင်အစည်းအဝေး၌ အချိန်အတော်ကြာ
ဆွေးနွေးနေရင်းနဲ့မှ ခုံတစ်နေရာလွတ်နေသည့်
ထိုနေရာအား မျက်လုံးရောက်လိုက်မိသည်
ရှယ်ယာရှင်တစ်ဦးလုပ်နေပြီးတော့ဘယ်လိုတောင်
အဲ့လောက်ထိအချိန်ကိုမလေးစားနိုင်ရတာလဲ

တွေးလို့ပင်မဆုံးသေး အခန်းတံခါးပွင့်သံနဲ့အတူ
တစ်ပြိုင်နက်ထွက်ပေါ်လာခဲ့သည့်ဒေါက်ဖိနပ်သံ

" Kang Haewon "

မကျယ်မတိုးစွာရေရွတ်လိုက်သည်

Haewon - ဥက္ကဋ္ဌ Jeon ရော ရှယ်ယာရှင်
အားလုံးကိုပါ ကျွန်မတောင်းပန်ပါတယ်
အလုပ်ကိစ္စပေါ်လာတာကြောင့်နောက်ကျသွားတယ်

" အလုပ်ကိစ္စ ဒါကရောမင်းအတွက် အလုပ်
မဟုတ္ဘူးလား ရှယ်ယာရှင်တစ်ယောက်အနေနဲ့
ရှယ်ယာရှင်အစည်းအဝေးထက် အရေးကြီးတဲ့
အလုပ်ရှိတာလား သြော် ငါမသိဘူးပဲ အဲ့လောက်
အရေးကြီးနေလည်း အဲ့အလုပ်မှာပဲနေရောပေါ့
ဘာကိစ္စငါ့ company မှာရှယ်ယာဝင်ထားလဲ "

Kang Haewon အပါအဝင် ရှယ်ယာရှင်အားလုံး၏အကြည့်များသည်လည်း
ကျွန်တော့်ထံရောက်နေခဲ့သည်

" နောက်မဖြစ်စေရပါဘူး ဥက္ကဋ္ဌ Jeon "

နာရီအတော်ကြာထိ အစည်းအဝေးကို
ထိုင်ခဲ့ကြပြီးနောက်ဆုံးတော့ပြီးသွားကြသည်
ရှယ်ယာရှင်တွေလည်းအစည်းအဝေးခန်းထဲက
ထွက်သွားခဲ့ကြပြီး ကျွန်တော်လည်းထွက်သွားရန်
ပြင်နေစဉ် အခန်းထဲအားဝေ့ကြည့်မိတော့ အခုထိ
ကျန်နေသေးသည့် သူမ Kang Haewon
ဂရုမစိုက်စွာဖြင့်ထွက်လာရန်လုပ်နေစဉ်ခိုက်ပင်

" မင်းဒါဘာလုပ်တာလဲ Kang Haewon "

လက်ကိုလာဆွဲသည့် သူမ

Haewon - မ တောင်းပန်ပါတယ် Jungkook "

" အဲ့လိုအသုံးအနှုန်းတွေသုံးဖို့မသင့်တော်ဘူး
ထင်တယ် နောက်ဆိုဒီလိုမဆင်မခြင်မပြုမူနဲ့
ကျွန်တော်မကြိုက်ဘူး "

REGARDLESS  / kookv / [ Completed ] Where stories live. Discover now