(Zawgyi)အိပ်ပြန်တော့လည်း ဟိုဘက်လှည့်အိပ်တဲ့
သူမနေတတ်ဘူးဟုဆိုလာသည့် ကလေးပေါက်စ" ဦးလေးကြီး ကျွန်တော်ပြောသလိုနေနော် "
" အင်းပါ ကလေးပေါက်စရဲ့ကိုယ်သိပါတယ် "
" ပြီးရော ပြီးရော အဲ့ဒါများဘာလို့အလယ်က
မှန်ကြီးကိုဖယ်ပစ်လိုက်ရတာလဲဦးလေးကြီး "" ဟောဗျာ လက်ထပ်ထားတဲ့ဟာကိုဘယ်အချိန်ထိ
အဲ့လိုကြီးနေနေရမှာလဲကွာကလေးပေါက်စကလည်း "" သြော် အဲ့လိုကာထားကလည်းဦးလေးကြီးကပဲ
လုပ်ထားတာလေ မဟုတ်ဘူးလား "" ဟုတ်ပါတယ် အဲ့တာကိုယ့်အမှားပါ "
" သိရင်ပြီးတာပဲ တစ်ခုတော့ကြိုပြောထားမယ်
ဦးလေးကြီးကျွန်တော့်ကိုမျှော်လင့်ချက်တွေမပေးပါနဲ့
မျှော်လင့်ပြီးနေရတာထက် အစတည်းကမပေးခဲ့တာ
ပိုပြီးအဆင်ပြေလိမ့်မယ်ထင်တယ် "" အင်းပါ ကိုယ်လည်းသိပါတယ် ကိုယ်လည်းမင်းကို
တစ်ခုလောက်ကြိုခွင့်တောင်းချင်တယ် မင်းကြောင့်
ရင်ခုန်ခဲ့ရလို့ ဂရုစိုက်ခွင့်တော့ပေး ဖြစ်တယ်မလား "" အဲ့တာဦးလေးကြီးသဘော ဦးလေးကြီးစိတ်လေ "
" အဲ့တာဆိုမင်းလက်ခံတယ်လို့သတ်မှတ်လိုက်မယ် "
" လက်ခံတယ်မပြောရဘူးလေ ဦးလေးကြီးရဲ့စိတ်ကို
ဦးလေးကြီးပဲပိုင်တာမို့ ကျွန်တော်ကတားခွင့်မရှိဘူးလေ "" အင်း ကောင်းကောင်းအိပ် "
" ဦးလေးကြီးရောပဲ ကောင်းကောင်းအိပ်ပါ "
.
.
.ပိတ်ရက်မို့ နောက်ကျမှထမည်ဟုတွေးကာ
အချိန်လင့်သည်ထိအိပ်နေလိုက်သည်
ဘေးကုတင်ကကလေးပေါက်စအား
မသိသာလေးပင်ခိုးကာကြည့်လိုက်တော့
ထိုကလေးပေါက်စလည်းအိပ်မောကျနေလေသည်
အိပ်နေလိုက်များ စောင်သည်လည်းကိုယ်တွင်မရှိ
ခေါင်းအုံးများကိုခွာလည်းခွ ဖက်လည်းဖက်ထားသေး
အနှီးလေးထဲထုပ်ထားတဲ့နီတာရဲကလေးလေးလိုပင်
မင်းရဲ့မေတ္တာတွေကကိုယ့်စီရောင်ပြန်ဟပ်ပြီထင်တယ်