Part - 12

3.6K 276 4
                                    


(Zawgyi)

ရေချိုးပြီးတာနဲ့ ရေခဲသေတ္တာထဲ၌စတော်ဘယ်ရီရှိသည်
ဟူသည့်အိမ်တော်ထိန်းကြီး၏ပြောစကားကြောင့်
စတော်ဘယ်ရီကြိုက်သူပီပီ စားမည်ဟုပြင်ကာ
အောက်ထပ်သို့ Taehyung ဆင်းလာခဲ့သည်
စတော်ဘယ်ရီခြင်းအားပိုက်ကာ ဖုန်းကြည့်၍
စားနေစဉ်ကားသံကြားတာကြောင့်ဦးလေးကြီး
ပြန်လာပြီဟုစိတ်ထဲမှရေရွတ်မိလိုက်သည်

တံခါးဝရောက်ရောက်ချင်းကြည့်လိုက်တော့
စတော်ဘယ်ရီခြင်းကြီးအားပိုက်ကာ ခြင်းထဲမှ
စတော်ဘယ်ရီတွေအားရပါးရစားနေသည့်ကလေးပေါက်စ
သေချာကြည့်မိတော့ အနည်းငယ်ရှည်နေသည့်
အရှေ့ဆံပင်လေးတွေကိုမှ ချည်နှောင်ထားသေးသည်
ဖုန်းကြည့်လိုက်စတော်ဘယ်ရီတွေစားလိုက်နဲ့
ဘာတွေသဘောကျနေမှန်းမသိ တစ်ခါရယ်လိုက်တိုင်း
ခေါင်းပေါ်ကဆံပင်အစုလေးကလှုပ်စိလှုပ်စိလေးပင်

" ဦးလေးကြီး ပြန်လာပြီလား
ဟို ကျွန်တော်လေ "

စကားပင်မဆုံးလိုက် ချက်ချင်းပင်
ဦးလေးကြီးရင်ခွင်ထဲဆွဲဖက်ခံလိုက်ရသည်
ဘာကြောင့်မှန်းတော့မသိခဲ့ပါ ဒီခံစားချက်
နွေးထွေးလွန်းသည့် ဦးလေးကြီးရင်ခွင်ထဲ
နစ်မြုပ်နေခဲ့သည့်ခံစားချက်ကို သဘောကျမိသည်

နှလုံးသားစေရာအတိုင်းပင် ကိုယ်တိုင်မသိလိုက်ခိုက်
ထိုကလေးပေါက်စကို ရင်ခွင်ထဲထည့်ထားမိခဲ့သည်
ထိန်းမရတဲ့ကိုယ့်ရင်ခုန်သံတွေကို မင်းသာမတော်တဆ
ကြားသွားခဲ့ရင်ဘယ်လိုလုပ်ရပါ့မလဲ ကလေးပေါက်စ

ရင်ခွင်ထဲက ကလေးပေါက်စကတော့
နေရခက်နေသည်ထင်ပါ့ ယခုထိမလှုပ်မယှက်ပင်

" ကိုယ်...ကိုယ် တောင်းပန်ပါတယ် ကလေးပေါက်
နေရအဆင်ပြေရဲ့လား တစ်ခုခုများဖြစ်နေတာလား "

" ဟို...ဟို ဦးလေးကြီး ကျွန်တော်အဆင်ပြေပါတယ် "

" ဒါနဲ့ကလေးပေါက်စ ခုနကအိမ်တော်ထိန်းကြီး
ပြောတော့အိပ်နေတာဆို အခုရောဘာလုပ်နေတာလဲ
ညနေစောင်းနေပြီ ​ရေရောချိုးပြီးရဲ့လား
နောက်တစ်ခါ အဲ့လောက်ထိမအိပ်နဲ့ဖျားလိမ့်မယ် "

ဘာလုပ်နေလည်းလို့မသိချင်ယောင်ဆောင်ကာ
မေးလိုက်တော့ စတော်ဘယ်ရီခြင်းကြီးမြှောက်ပြလေ၏
သူစတော်ဘယ်ရီသီးတွေစားနေသည်ပေါ့လေ

REGARDLESS  / kookv / [ Completed ] Where stories live. Discover now