( Zawgyi )" အာ့ ဖြေးဖြေးလုပ်ပါဆို ဦးလေးကြီး "
" သြော် နာတော့နာတတ်သေးတာပေါ့ "
" နာတာပေါ့မှ လူပဲ အသွေးနဲ့အသားနဲ့
မနာဘဲနေမလား ပြောရက်တယ်နော် "" အဲ့တာဆိုဘာလို့ရန်ဖြစ်ခဲ့သေးလဲ "
" အမြင်မတော်လို့ပါဗျာ "
" အမြင်မတော်တာနဲ့ များရင်
ကလေးပေါက်စပဲဒုက္ခရောက်လိမ့်မယ် "" မရောက်ပါဘူးဗျ ကျွန်တော်က
ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တယ် "" ကာကွယ်နိုင်လို့ပဲ အခုလိုဖြစ်လာတာ "
" နည်းနည်းပါးပါးပါဗျာ နှုတ်ခမ်းနားလေးပဲ
ပေါက်သွားတာ ဦးလေးကြီးစဉ်းစားကြည့်ဗျာ
လူတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်နေတာကို
ကျွန်တော်ကရပ်ကြည့်နေရမှာလား ဒဏ်ရာ
ရလာတာလည်း ကျွန်တော်ကဒရမ်မာထဲက
မင်းသားတွေမှမဟုတ်တာ တစ်ယောက်တည်းနဲ့
အကုန်ချနိုင်ပါ့မလား ဒါတောင်နော် ဟိုကောင်တွေ
ကအများကြီးထိသွားတာ တော်တယ်မလား "" ဟုတ်ပါပြီ တော်ပါတယ်ဗျာ ဒရမ်မာထဲက
မင်းသားတော့မဟုတ်ပေမယ့် ဒီဦးလေးကြီးရဲ့
နှလုံးသားအရှင်သခင်လေးမို့ အထိခိုက်မခံနိုင်ဘူး
နောက်ဂရုစိုက် အပြင်သွားရင်းနဲ့ အဲ့ကောင်တွေ
တွေ့ရင်လည်းပြ တွေ့မယ်ကိုယ်နဲ့ "" ဟား ဟား ဦးလေးကြီးကချစ်စရာကြီးပါလား "
" ရယ်နိုင်သေးတယ်ပေါ့ "
" ဦးလေးကြီးကချစ်ဖို့ကောင်းလို့ "
" ဒီကလေးနဲ့တော့ ကိုယ့်ထက်
အသက်အများကြီးကြီးတာသိသေးရဲ့လား "" သိတယ်လေ အဲ့တာတောင်အများကြီး
ချစ်ဖို့ကောင်းနေတာ ခက်တာပါပဲ "" ဘယ်တုန်းကစကားတွေအဲ့လောက်တောင်
တတ်သွားရတာတုန်း ပြောပါဦး "" ဦးလေးကြီးနဲ့စတွေ့တုန်းတည်းကလေ "
" အဲ့လောက်တောင်ပေါ့ ဟုတ်လား "
" ဟုတ်တယ်အဲ့လောက်တောင် စတွေ့တွေ့ချင်း
လူကိုထသတ်တော့မယ့်ဦးလေးကြီးဘာလို့များ
ကြွေသွားရတာလဲဆိုတာ မသိတော့ပါဘူး "