Part19(uni+zawgyi)

2.6K 110 22
                                    

Uni
စနေသွေးက ပုလဲနက်နဲ့ ငယ်ငယ်တည်းက ကျောင်းနေဖက်တွေပေါ့
ပုလဲနက်ကိုလည်း အရမ်းဂရုစိုက်ပြီး
အရိပ်တကြည့်ကြည့် နေလာတဲ့ သူငယ်ချင်းကောင်းလေးပါ

ဆယ်တန်းအောင်တော့လဲ အမှတ်တွေက သိပ်မကွာတာကြောင့် တက္ကသိုယ်တူတူတက်ခွင့်ရခဲ့တယ်

ပုလဲနက်ဘဝမှာ ကိုကိုတို့မိသားစုနဲ့တွေ့ပြီးကံကောင်းလာခဲ့ပေမယ့် သွေးနဲ့ထပ်တွေ့လို့ပိုကံကောင်းခဲ့ရပါတယ်

ကိုကိုနဲ့ လက်ထပ်တော့လည်း သူကနက်စိတ်ဆင်းရဲမှာစိုးလို့တားခဲ့သေးတယ်

နက်က လက်မထပ်လို့မဖြစ်တဲ့ အခြေအနေအကြောင်းပြောပြလိုက်တော့မှ သူ့ခင်ဗျာ မတားရှာဘူး

နက်အဆင်ပြေဖို့ပဲ အမြဲတွေးပေးနေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးပါ

"နင် နေ့လယ်ပြန်မှာလား "
"အင်း ငါ အိမ်အသစ်ပြောင်းသွားပြီဟ
ငါလုပ်စရာလေးတွေရှိသေးတယ်
နောက်ပိုင်းအချိန်တွေကလည်း အရေးသိပ်မကြီးပါဘူးလေ"

​"နက် ငါလည်းအိမ်ပြောင်းတော့မှာဟ နင်သိလား ဖေဖေနဲ့မေမေက မမတို့ရှိတဲ့ အမေရိကားကို သွားနေတော့မယ်ဆိုတော့ ဒေါ်လေးနဲ့ ငါသွားနေမလို့"

"ဟုတ်လား ငါဘာကူညီပေးရမလဲ ပြောလေ အဆင်ပြေရဲ့လား"

"ကူစရာမလိုပါဘူးဟာ ငါ့မှာ ရှိတဲ့ပစ္စည်းတွေက ရွှေ့ပြီးပြီဟ ငါနင့်ကိုပဲမပြောရသေးတာ
နင်လည်းမဂ်လာကိစ္စတွေဘာတွေနဲ့ရှုပ်နေတော့ ငါလည်းအားနာလို့"
"ဟွန်း သွေးစုပ် ဘာအားနာတာလဲ
နင်နော် တစိမ်းတွေဆန်နေတာပေါ့လေ"
"ဟား ဟား ဟုတ်ပါ့ ဟုတ်ပါ့"
တကယ်ဆို နက်ပြောင်းလာတဲ့အိမ်ဘေးကို စနေသွေးပြောင်းလာတာ တစ်ပတ်ပြည့်တော့မယ်
သူနက်ကို စိတ်မချလို့ နက်တို့ပြောင်းမယ့်အိမ်ကိုစုံစမ်းပြီး ဘေးအိမ်ကို ပြောင်းလိုက်တာပါ

သွေးဘဝမှာ နက်ရဲ့ အပြုံးလေးတွေကို ပြောက်ကွယ်သွားမှာ အကြောက်ဆုံးပဲ

နက်စိတ်ဆင်းရဲရမယ့် ကိစ္စတွေကို စနေသွေးဆိုတဲ့ တံတိုင်းကြီးနဲ့ ကာထားလိုက်ချင်တယ်

ပုလဲနက်ကို ဘေးနားမှာ စောင့်ရှောက်နေရတာနဲ့တင် ကျေနပ်နေခဲ့ပြီ
..........
"မင်းခန့်  ငါ့ကို အိပ်ယာတစ်စုံ ဝယ်ပြီး အိမ်ကိုပို့ပေးပါ"
"ဘာလုပ်မလို့လဲ bossရဲ့ bossအိမ်မှာ အိပ်ယာရှိပြီးသားမလား"
"ငါတွက်မဟုတ်ဘူး ပုလဲနက်အတွက်"
"ဟန် ဘော့တို့က တစ်ခန်းတည်းအိပ်တာမဟုတ်ဘူးလား"
"ဟာ မင်းတော်တော်လျှာရှည်တာပဲ
   ကဲ မင်းကို ငါပြောတာသာ သွားဝယ်ပြီး အိမ်ကိုသွားပို့ထားလိုက်ကွာ"
မင်းခန့် သွားလေး ဖြီးပြီး ခေါင်းလေးပုပြီး ထွက်သွားတယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now