Part20(uni+zawgyi)

2.9K 111 16
                                    

Uni
ပုလဲနက်ဆိုတာလေ ဘယ်သောအခါမှ စိတ်ချရတယ်ဆိုတာမရှိဘူး

အဲ့ဒီ စနေသွေးဆိုတဲ့ကောင် အကြောင်း ခန့်သိတာပေါ့

တစ်ချိန်လုံးပုလဲနက်နား အရိပ်လိုကပ်နေတာ ကျူရှင်တက်လည်းတူတူတက်တယ် ကျောင်းသွားရင်လည်းတူတူသွားတယ် ပြန်လည်းတူတူပြန်လွန်းလို့ ကြီးမြကိုတောင် ခန့်သတိပေးယူရတဲ့အထိပဲ

စနေသွေးဆိုတာလေ ငယ်ငယ်လေးထဲက
ခန့်မျက်လုံးထဲမှာ အမြဲကန့်လန့်နေနေကြ
ပုလဲနက်နဲ့ အမြဲတတွဲတွဲသွားလာနေတာကိုက သိပ်ကြည့်မရခဲ့တာ

ခုလဲ ဘေးအိမ်ကိုပြောင်းလာတယ်ဆိုတာ သွေးရိုးသားရိုးလုံးဝမဖြစ်နိုင်ဘူး
သေချာတယ် ဒီကောင့်မှာ အကြံအစည်တသ်ခုခုရှိကိုရှိရမယ်

ခန့်တွေးရင်းတွေးရင် ဒေါသကထွက်လာတယ်

ခုချိန်ပြောပြန်ရင်လဲလွန်ရာကျဦးမယ်

နက်အခန်းထဲကို အိပ်ယာပြင်ပေးထားတာကို ကြိုက်နေတာတဲ့

"ကိုခန့်ကျေးဇူးပဲနော် နက်ကလေ အိပ်ယာပန်းရောင်လေးနဲ့ အိပ်ချင်နေတာကြာပြီ
ဖေဖေ့ကို မပူစာဖြစ်တာနဲ့ မဝယ်ဖြစ်ဘူး
ဟီးခုတော့ ပန်းရောင်လေးနဲ့အိပ်ရတော့မယ် ကိုခန့်က အရမ်းအမြင်ရှိတာပဲနော် "

"ဘာ အမြင်ရှိတာလဲ ဒီလောက် နုရွနေတာကို မင်းက ကလေးမို့လိုလား ပန်းရောင်နဲ့ "
ခန့်ထယ်ဝါ နက်ရဲ့ အိပ်ယာကို မင်းခန့်ဝယ်လာပေးတုန်းကတော့ သဘောကျနေပြီး နက်ကကြိုက်တယ်ပြောတော့ သူကျေနပ်နေခဲ့တာ

ခုတော့ သိပ်အမြင်ရှိတာပဲတဲ့လေ
တကယ်က အမြင်ရှိတာ ခန့်ထယ်ဝါမဟုတ်ဘဲ မင်းခန့်မို့လို့ နက်ကမင်းခန့်ကို ချီးကြူးလိုက်တာကို နှာကစ်သွားတာပါ

နက် နဲနဲ ကြောင်သွားတယ် သူဝယ်လာပြီး အပစ်ပြောနေရလားပေါ့

တကယ်ကတော့ မင်းခန့်ဝယ်ခဲ့တဲ့ အရောင်ကို နက်ကကြိုက်တယ် ပြောမှတော့
ဟိုက သိပ်သဝန်မတိုတတ်ဘူးလေ

"ကိုခန့် ညစာစားလို့ရပြီနော် နက်ပြင်လို့ပြီးပါပြီ"

"ဟင် မင်းကရော"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now