အပိုင်း - ၅

46.6K 3.9K 77
                                    

[ သူကြီးသမက် ]

" ဟေ့ကောင်ငရိုး ဘာတွေတွေးငေးနေတာလဲ ရွာထဲကမဘုတ်ဆုံဆိုင်မှာငါးပိတစ်ရာတန်တစ်ထုပ်သွားဝယ်ပေးစမ်း ငါ့ဒီမှာညနေအမဲသားငါးပိချက်လေးငရုပ်သီးနဲ့စပ်စပ်ကလေးချက်မလို့ !"

အခုမှဝယ်လာတဲ့အမဲသားတစ်ပိဿကိုအမဲညှင်းသေးသေးလေးတွေလုပ်ပြီး နေလှန်းဖို့ပြင်နေတဲ့ အဖေကပိုတဲ့အသားစတွေကိုငါးပိချက်"ချက်ရန်ပြင်နေသည်။

ရွာမှာကအသားဆိုဝက်ဖြစ်ဖြစ်အမဲဖြစ်ဖြစ်တစ်ပတ်နေမှာတစ်ခါပေါ်တာဖြစ်လို့ ပေါ်တဲ့အချိန်ကိုအိမ်တိုင်းကတစ်ပိဿငါးဆယ်သားကိုယ်တတ်နိုင်သလောက်ဝယ်ထားပြီး အထားခံအောင်နေလှန်းထားကြသလို မီးဖိုအပေါ်မှာကြိုးနဲ့တွဲပြီးကျက်ခိုးရိုက်၍လည်းထားတတ်ကြသည်။

အခုလည်းရိုးအဖေ ဦးရိုးဟန်အမဲသားတစ်ပိဿဝယ်လာပြီး။ အသားချောင်းလုပ်ညှင်းနေလှန်းဖို့ဝါးချွန်တစ်ခုနဲ့တံစို့ထိုးနေ၏ ပိုတဲ့အသားစတွေကို ငါးပိချက်"ချက်ရန် ရိုးကိုငါးပိထုပ်သွားဝယ်ခိုင်းနေတာဖြစ်သည်။

ရိုး အရိပ်နဲ့မတွေ့ရတာလူကတစ်ပတ်ကျော်နေပြီဖြစ်တာကြောင့် စိတ်ညစ်နေမိသည်။ ရိုးချော့ရန်ကြိုးစားပေမဲ့ အရိပ်ကအိမ်ထဲကနေအိမ်ပြင်တောင်ထွက်မလာချေ။ တစ်နေ့ငါးခေါက်လောက်အရိပ်အိမ်ရှေ့ကဖြတ်လျှောက်ပါသော်လည်း အရိပ်ရဲ့အရိပ်အယောင်လေးတောင်မတွေ့ရ။

" တောက် ! နွေလရိပ် , မင်းတော်တော်နေနိုင်တာပဲ !"

" ဟေ့ကောင် မင်းကိုငါးပိထုပ်သွားဝယ်ခိုင်းနေတာ မသွားသေးပဲ ဘာလုပ်နေတာလဲ !!!"

" သွားပါပြီ အဖေရာ အခုသွားဝယ်ပြီ "

ရိုး အဖေရဲ့အော်သံကိုနားမခံနိုင်စွာအိမ်ထဲကအမြန်ထွက်လာခဲ့လိုက်သည်။

" ဟေ့ကောင် ငရိုးသွားမယ် !"

ငါးပိထုပ်ဝယ်ပြီးပြန်လာတော့ လမ်းမှာသူငယ်ချင်းများနဲ့တွေ့၍ သူ့ကိုအရက်သွားသောက်ရန်ခေါ်လာကြသည်။

" နေဦး ငါ့အဖေကို ငါးပိထုပ်ပြန်သွားပေးလိုက်ဦးမယ် "

ရိုး အိမ်ပြန်အဖေကိုငါးပိထုပ်ပေးထားခဲ့ပြီးသူငယ်ချင်းတွေနဲ့အရက်ဆိုင်ထွက်လာခဲ့လိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now