အပိုင်း - ၈

41.2K 3.5K 104
                                    

U&Z

နွေဦးမို့လေရူးလေးတွေကတဖြူးဖြူးတိုက်ခတ်နေသလို ရွာအပြင်ထန်းတောထဲမှာကလဲ ရိုးတို့သူငယ်ချင်းတစ်ဖွဲ့ပဲကြီးလှော်နဲ့လယ်ကြွက်သားကို ကြက်သားနဲ့တောင်မလဲနိုင်ဆိုသလို ထန်းပင်ကျရည်လေးနဲ့ထိုင်သောက်နေကြစဉ်...။

" ဟေ့ ငရိုး မင်းကဒီမှာလာဇိမ်ကျနေတယ်ပေါ့ မင်းကောင်လေးကမိန်းမရတော့မယ် "

ထန်းလက်လေးတွေနဲ့မိုးထားတဲ့ တဲထဲဝင်လာ၍ ပြောလိုက်တဲ့ အောင်သက်စကားကြောင့် ခုနကသောက်ထားတဲ့ ထန်းရည်ရဲ့ရီဝေဝေအမူးလေးတောင်ရိုးမှာပျောက်သွားရကာ။

" မင်း ဘာပြောတာလဲ !"

အောင်သက်က ရိုးနံဘေးဝင်ထိုင်လိုက်၍ ခွက်နဲ့မြေအိုးထဲကထန်းရည်ကိုခပ်သောက်လိုက်ပြီးနောက်။

" သူကြီးကသူ့သားကိုဟိုဘက်ရွာကသူဌေးသမီးမြူးနှင်းဝေနဲ့ပေးစားဖို့ လူကြီးချင်းတောင်ပြောပြီးပြီဆိုလာပဲ "

" ဘာ , ကွ !"

ရိုး ကြားလိုက်ရတဲ့စကားကြောင့် ဒေါသထွက်သွားမိသည်။ ရာရာစစသူ့ချစ်သူကိုများမိန်းမပေးစားဖို့စီစဉ်နေတယ်ဆိုတဲ့ အောင်သက်စကားကြောင့်။

အရိပ်က အခုဆိုရွာမှာကျောင်းဆရာလုပ်၍ ကလေးတွေကိုစာသင်နေရပြီး မနက်ဆိုတန်းကျောင်း ညနေဆိုအိမ်မှာပါကျူရှင်ခေါ်ပြနေတာကြောင့် ရိုးနဲ့တွေ့ဖို့အချိန်ဆိုတာအရမ်းရှားပါးသွားခဲ့သည်။

တွေ့ခွင့်ရတဲ့အချိန်တွေမှာလဲ သူ့ကိုအရိပ်ကဒီအကြောင်းလုံးဝမပြောခဲ့ဘူး အခုလိုကြားလိုက်ရတဲ့စကားကြောင့် အရိပ်ကသူ့ကိုထားခဲ့ပြီးမိန်းမလိုချင်နေတာလားဆိုတဲ့အတွေးဝင်လာတော့ ရိုးစိတ်တိုသွားကာထိုင်နေရာကဝုန်းခနဲထလိုက်တော့။

" ဟေ့ ငရိုးဘယ်လဲ "

" ငါ့သွားစရာရှိလို့  မင်းတို့ပဲသောက်ကြတော့ "

အရိပ်ကလေးတွေကိုစာသင်ရင်းကျောင်းဆင်း‌ခေါင်းလောင်းမြည်လာသံကြောင့် ကျောင်းသားတချို့ရဲ့မျက်နှာကပျော်ရွှင်မြူးကာ စာအုပ်တွေအမြန်ကောက်သိမ်း၍ လက်လေးတွေပိုက်ထိုင်နေရာကထရပ်ပြီးသံပြိုင်ဆိုလာသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now