END - [ 39 ]

44.6K 3K 91
                                    

[ သူကြီးသမက် ]

     တစ်နှစ်ကုန်၍၊တစ်နှစ်ကူးပြောင်းလာခဲ့တဲ့အချိန်ကာလအတွင်းမှာ၊ရိုးနဲ့အရိပ်တို့ရဲ့အမြွှာလေးတွေဖြစ်ကြတဲ့၊သားလေးသွင်ရိုးစေမာန်နဲ့သမီးလေးသွန်းနွေဦးရိပ်တို့ရဲ့အသက်ပင်သုံးနှစ်ပြည့်ခဲ့ကြပြီဖြစ်သည်။

     "သွင်ရိုးနဲ့နွေဦးရိပ်လာခဲ့ အိပ်မယ် နင့်တို့အဖေပြန်လာရင်ဖေဖေအမူးသမားနဲ့စကားမပြောချင်ဘူး!"

     အချိန်ကညခုနှစ်နာရီထိုးနေပြီဖြစ်၏၊ညနေကတည်းကရွာထဲခဏဆိုပြီးထွက်သွားတဲ့ ရိုးတစ်ယောက်ကအခုထိပြန်မလာသေး၊အရိပ်စိတ်တိုကာအိမ်ရှေ့မှာဆော့နေတဲ့သားနဲ့သမီးကိုခေါ်ပြီးအိပ်ရန်ပြောလိုက်သည်။

     "ဖေဖေရိပ် ဖေကြီးရိုး ပြန်မလာသေးဘူး"

     " မင်းတို့အဖေရိုး ဘယ်အချိန်မှပြန်လာလာ ဖေဖေတို့အိပ်နှင့်ကြမယ်"

     သားလေးကအရိပ်ထပ်ပိုပြီး၊ရိုးကိုပိုတွယ်တာ၏၊အခုလည်းအရိပ်ကအိပ်ရန်ပြောတာကိုသူ့အဖေပြန်မလာသေးလို့ အိပ်ရာဝင်ချင်သေးပုံမရ၊ကလေးတွေဒီလောက်အထိသူ့အပေါ်တွယ်တာနေတာကို ကလေးတွေမျက်နှာမငှဲ့အရက်သွားသောက်နေတဲ့ ရိုးကိုအရိပ်စိတ်ပိုတိုမိသည်။

     ထို့ကြောင့် သားနဲ့သမီးကိုခြေလက်ဆေးကျောပေးပြီးနောက်၊သားဖသုံးယောက်အိပ်ရာဝင်လာခဲ့လိုက်သည်။

     "ဘိုးဘိုး သားတို့အိပ်တော့မယ်"

     "မအိပ်ခင် ဘုရားအရင်ဝတ်လာပြုကြဦး"

     "ဟုတ်ကဲ့ ဘိုးဘိုး"

     သားနဲ့သမီးလေးကဘုရားဝတ်ပြုနေတဲ့ သူတို့ဘိုးဘိုးဦးလေးရိုးဟန်နံဘေးမှာဝင်၍၊ဘုရားရှင်းခိုးရန်ကိုယ်နေကိုယ်ဟန်သေးသေးလေးတွေနဲ့ဝင်ထိုင်လိုက်ကြပုံလေးကိုကြည့်ကာ၊အရိပ်အသည်းယားစွာပြုံးလိုက်မိသည်။

     "ဖေဖေအိပ်ရာ အရင်သွားခင်းထားလိုက်မယ် သားတို့ဘိုးဘိုးနဲ့ဘုရားရှင်းခိုးပြီး အခန်းထဲလာအိပ်ကြတော့နော် ဘယ်ချိန်မှပြန်လာမယ်မသိတဲ့ သားတို့ပထွေးကို စောင့်မနေကြနဲ့ကြားလား!"

( သူကြီးသမက် )  CompletedWhere stories live. Discover now