[ 12 ]

39.5K 3.3K 48
                                    

[ သူကြီးသမက် ]

ညစာစားပြီးချိန်တွင် ရိုးအိမ်ရှေ့ခုံတန်းရှည်လေးမှာထွက်ထိုင်ပြီး ဆေးလိပ်သောက်နေတုန်းအနားကိုအရိပ်ရောက်လာသည်။

" ရိုး ဆေးလိပ်သောက်တာဘာအရသာရှိလို့လဲ မီးခိုးတွေပဲမှုတ်ထုတ်ပစ်လိုက်ရတာကြီး စားလို့လဲမရပဲနဲ့ "

အရိပ်ကလက်ထဲမှာနေကြာစေ့ထုပ်ကိုင်စား၍ ရိုးနံဘေးဝင်ထိုင်ကာမေးလိုက်တော့ ရိုးကအရိပ်ကိုဆေးလိပ်ငွေ့မရှူရှိုက်စေချင်လို့ထင်၏ ဆေးလိပ်အငွေ့တချို့ကိုတစ်ဖက်ကိုခေါင်းစောင်း၍ မှုတ်ထုတ်လိုက်ပြီး ဆေးလိပ်တိုကိုညာဘက်လက်ကနေဘယ်ဘက်လက်နဲ့ပြောင်းကိုင်လိုက်၍ အရိပ်ကိုပြုံးကာကြည့်လာသည်။

" အဲအငွေ့လေးကိုဖွားပြီး မှုတ်ထုတ်လိုက်ရတာကိုကဆေးလိပ်ရဲ့အရသာတစ်မျိုးလေးအရိပ်ရဲ့ "

" ဒါဆို အရိပ်ကိုတစ်ခါပေးသောက်
အရိပ်လည်းသောက်ကြည့်ချင်တယ် "

" အသားနာချင်လို့တုတ်တောင်းနေတာလား အရိပ် မုန့်စားစရာရှိတာကိုစားပြီးရင်အိပ်ရာသွားခင်းတော့ ကိုယ့်အိပ်ချင်နေပြီ ဒီနေ့တစ်နေကုန်ပျဉ်တွေရေပေါ်ထိုးထားရတာညောင်းကိုက်နေတာပဲ "

" ဒါဆိုအရိပ်အိပ်ရာသွားခင်းတော့မယ် "

" အင်း , ကိုယ့်ဒီဆေးလိပ်ကုန်ရင်လာခဲ့မယ် "

အရိပ်လည်းအိမ်ထဲပြန်ဝင်လာခဲ့လိုက်၍ အိပ်ရာခင်းပြင်ပြီးချိန် အိပ်ခန်းထဲရိုးဝင်လာသည်။

" အားးး , ညောင်းကိုက်နေတာပဲကွာ "

ရိုးကအိပ်ရာထဲဝင်လှဲချလိုက်၍ ညည်းညူလိုက်တော့ အရိပ်ရိုးကိုကြည့်လိုက်ပြီးနောက်။

" ရိုး အရိပ်နင်းပေးရမလား "

" အင်း , နည်းနည်းလောက်ကိုယ့်ကိုနင်းပေးပါဦး "

အရိပ်လည်း ရိုးခွင့်ပြုချက်ကြောင့် နင်းပေးရန်ပြင်လိုက်သည်။ ရိုးကမှောက်လျက်ထိုးအိပ်ပေးလာတော့ အရိပ်အိပ်ခန်းထရံကိုကိုင်ပြီး ရိုးခါးပေါ်တက်၍ ဖြည်းဖြည်းချင်းစနင်းပေးလိုက်သည်။

ယောကျ်ားလေးနှစ်ယောက်ယူထားတာဖြစ်ပါလျက်နဲ့သူ့ကိုတော့ဘာမှမခိုင်းပဲအိမ်မှာပဲနေခိုင်း၍ ရိုးကတော့ပင်ပန်းစွာအလုပ်တွေလုပ်ပြီး သူ့အပေါ်မှာအိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်စွာ သူကတော့အိမ်မှာစားလိုက်အိပ်လိုက်နဲ့ ဝင်ငွေ့လေးတစ်ခုရချင်လို့ ဒီနေ့တစ်ရက်ရိုးမသိအောင်အလုပ်ခိုးလုပ်ကြည့်ပါရဲ့အရိုက်မခံလိုက်ရတာကအပြေးကောင်းခဲ့လို့။

( သူကြီးသမက် )  CompletedWhere stories live. Discover now