[ 19 ]

34.6K 2.8K 31
                                    

[ သူကြီးသမက် ]

တစ်ရွာလုံးကြားအောင်အသံချဲ့စက်ကလျှံထွက်လို့လာဆိုတဲ့အတိုင်းမနက်လေးနာရီပဲရှိသေးတယ်။ ချက်တဲ့ပြုတ်တဲ့သူတွေရောက်လာကြသလို မင်္ဂလာဆောင်တေးသီချင်းတွေကလဲကြားရသူအဖို့ကိုယ်တိုင်ချစ်ရသူနဲ့လက်တွဲမင်္ဂလာရှိတဲ့ဧည့်ပုရိတ်သတ်တွေအရှေ့ပွဲလယ်မှာလျှောက်လှမ်းနေရသလို ရင်ခုန်ကြည်နူးစရာအလွန်ကိုကောင်းလှသည်။

" အရိပ်လေး ငါးနာရီထိုးနေပြီရေချိုးတော့လေ ဘုန်းဘုန်းတွေ အာရုံဆွမ်းကပ်နောက်ကျမယ် "

" ဟုတ်ကဲ့အရီး "

အရိပ်စောစောထ၍ ချက်ကြပြုတ်ကြတဲ့အရီးတို့ကိုလိုအပ်တာများကူလုပ်ပြီးရေချိုးရန်အခန်းထဲဝင်လာတော့ ရိုးကနှစ်ခြိုက်စွာအိပ်နေတုန်းဖြစ်၏ ဒီလောက်အပြင်မှာချက်ပြုတ်သံသီချင်းသံတွေဆူညံနေတာကိုဘယ်လိုတောင်မနိုးပဲဆက်အိပ်နေနိုင်လဲမသိတဲ့ ရိုးဘေးထိုင်ချလိုက်ကာလှုပ်နှိုးလိုက်သည်။

" ရိုး ထတော့ ထတော့ ငါးနာရီထိုးနေပြီ "

အိပ်နေတာကိုအတင်းလာလှုပ်နှိုးနေတဲ့အရိပ်ကြောင့် ရိုးမျက်လုံးတွေမဖွင့်ပဲတစ်ဖက်ကိုလှည့်၍ ပြန်အိပ်တော့ သူ့နောက်ကျော့ကိုတဘုန်းဘုန်းရိုက်လာတဲ့အရိပ်ကပါးစပ်ကလဲပွစိပွစိနဲ့နားမခံနိုင်စရာပြောဆိုနေသည်။

" ရိုး ထတော့လို့ ဘယ်လိုတောင်လာအိပ်နေတာလဲ ကိုယ်နဲ့မဆိုင်သလိုပဲ ရွာထဲကသူတွေတောင်စောစောထပြီးလာချက်ကူနေကြတာကိုနည်းနည်းလေးမှအားမနာတတ်ဘူးလား ထတော့ !"

" အင်း , အရိပ်ရာဘယ်လိုဖြစ်နေတာလဲ ကိုယ့်တို့ကသတိုးသားတွေလေ ချက်တဲ့ပြုတ်တဲ့အလုပ်ကသူတို့လုပ်ပေးမှာပေါ့လို့ ကိုယ့်တို့ဘာလုပ်စရာရှိလို့လဲ "

ရိုးအပြောကြောင့် အရိပ်စိတ်တို၍။

" ဘာကိုသူတို့အလုပ်လဲ ဒါရိုးနဲ့အရိပ်ရဲ့မင်္ဂလာဆောင်လေ ရေချိုးစရာရှိချိုး ပြင်ဆင်စရာရှိပြင်ဆင်ရမယ်လေ !"

" ကျစ် "

" အရိပ်ရာ , နားငြီးလိုက်တာ မသိရင်ကိုယ့်တို့က သတိုးသမီးတွေလို့ မိက်ကပ်လိမ်းဆံပင်ပြင်ရဦးမှာကြနေတာပဲ "

( သူကြီးသမက် )  CompletedWhere stories live. Discover now